ရောဂါကို ပိုက်ဆံနဲ့ ပေးဝယ်သလိုဖြစ်စေတဲ့ အဓိကအကျဆုံး တရားခံ

ရောဂါကို ပိုက်ဆံနဲ့ ပေးဝယ်သလိုဖြစ်စေတဲ့ အဓိကအကျဆုံး တရားခံ

လူသားတွေဆိုတာ မတော်တဆမှုနဲ့ ကူးစက်ရောဂါကြောင့် အသက်သေဆုံးရင် ဆုံး၊ ဒါမှမဟုတ်လည်း ရောဂါတစ်ခုခုကြောင့် သေဆုံးရတာချည်းပါပဲ။ ဒီသံသရာစက်ဝန်းတွေထဲက ရောဂါကြောင့် သေဆုံးရတဲ့ဇစ်မြစ်ကို နောက်ယောင်ခံလိုက်ကြည့်တော့ အဓိကအကြောင်းရင်းက နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကြောင့်ဆိုတာ တွေ့ရပါတယ်။ တကယ်တော့ ဒီအစားအစာတွေရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ အကြီးမားဆုံး အန္တရာယ်ကောင်လည်း ရှိနေပါသေးတယ်။

အားလုံးသိတဲ့ ဒီအန္တရာယ်ကောင်

ဝေးဝေးလံလံ စဉ်းစားနေစရာမလိုပါဘူး။ တစ်ခုခုစားဖို့၊ သောက်ဖို့ ဝယ်တိုင်း ကပ်ပါလာတတ်တဲ့ အရာက ဘာများဖြစ်မှာလဲ။ ပလတ်စတစ်တွေပဲပေါ့။ အလွယ်တကူ ထည့်လို့ရ၊ သယ်လို့ရတယ်ဆိုတဲ့ အချက်တွေကြောင့် ဘယ်နေရာမှာမဆို ခဏအတွင်း ဝင်ဆံ့နိုင်တဲ့ ပလတ်စတစ်တွေရဲ့ ဒုက္ခပေးမှုက လူတွေအပေါ် ဘယ်လောက်ထိဆိုးဆိုးရွားရွားဖြစ်စေနိုင်လဲဆိုတာ သင်သိပါရဲ့လား။


သန္ဓေသားပျက်စီး

အသွေး၊ အသားနဲ့ ရင်းပြီး ဖြစ်တည်လာတဲ့ ရင်သွေးကို မမွေးဖွားခင်အချိန်ကတည်းက ဒုက္ခပေးနိုင်တာ ပလတ်စတစ်တွေပါပဲ။ ပလတ်စတစ်ထဲမှာ  ဓာတုပစ္စည်းအမျိုးပေါင်း ၂သောင်းကျော် ပါဝင်ပါတယ်။ အဲ့ဒီထဲက DEHF ဆိုတဲ့ ဒြပ်ပေါင်းက လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟိုမုန်းထိန်းညှိနိုင်စွမ်းကို ပျက်စီးစေတဲ့အတွက် အမျိုးသမီးတွေမှာ သန္ဓေသားပျက်စီးနိုင်တဲ့အထိ ဖြစ်စေနိုင်တယ်လို့ American Doctors Association က သတင်းထုတ်ပြန်ထားပါတယ်။

အဆိပ်ဖြစ်စေ

ပလတ်စတစ်တွေသာ အသက်ရှိမယ်ဆိုရင် လူသားတွေထက် ဂုဏ်ယူရမယ့် အချက်တစ်ချက်ရှိမယ်လို့ တွေးမိတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အသုံးပြုပြီး တော်တော်များများက လွှင့်ပစ်လိုက်လို့ ရေနဲ့ မထိတွေ့ဖူးတဲ့ ပလတ်စတစ်ဆိုတာ ပလတ်စတစ်လောကမှာ မရှိသလောက် ရှားမယ်ထင်ပါတယ်။ လူတွေမှာတောင် ရေကြောက်လို့ ရေနဲ့ မထိတွေ့ဖူးတဲ့သူတောင် ရှိချင်ရှိဦးမယ်။ ခုချိန်မှာတော့ သမုဒ္ဒရာတွေလို ရေပြင်ကျယ်ကြီးတွေမှာ မျောနေတော့ ပလတ်တစ်တွေမှ ပုံလို့။ ဒါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ပလတ်စတစ်ကော်မှုန့်တွေပါ စုပြုံလာတာပါ။ ဒီကော်မှုန့်တွေက သောက်သုံးရေထဲ ပါလာနိုင်တဲ့အတွက် လူ့ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေနိုင်ပါတယ်။


ပန်းနာရင်ကြပ်

ပန်းနာရင်ကြပ်ဆိုတာ ဘယ်လောက်တောင်ခံရခက်တဲ့ ရောဂါလည်းဆိုတာ အထွေအထူးပြောနေဖို့ လိုမယ် မထင်ပါဘူး။ ကိုယ်ဝန်လွယ်ထားချိန်အတွင်းမှာ မိခင်ဖြစ်သူဟာ ပလတ်စတစ်အဆိပ်သင့်ခဲ့မယ်ဆိုရင် မွေးဖွားလာမယ့် ကလေးငယ်မှာ ပန်းနာရင်ကြပ် ပါလာနိုင်ခြေ ရာခိုင်နှုန်းများတယ်လို့ ကိုလံဘီယာတက္ကသိုလ်က အစီရင်ခံစာတစ်ခုမှာ ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်မှာ ခုဆယ်စုနှစ်နောက်ပိုင်းမှာ မွေးဖွားလာတဲ့ မွေးရာပါ ပန်းနာရင်ကြပ်ရောဂါရှိသူ ကလေးတွေအရေအတွက်ဟာ အရင်ကထက် သုံးဆများလာတယ်လို့ ဆိုထားပါတယ်။

မျိုးပွားအင်္ဂါ ထိခိုက်နိုင်

အပေါ်ကအချက်တွေနဲ့ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လူတစ်ယောက်မှာ အရေးကြီးဆုံးဖြစ်တဲ့ မျိုးပွားအင်္ဂါကိုပါ ထိခိုက်စေနိုင်ပါတယ်။ DiNP လို့ ခေါ်တဲ့ အဆိပ်ဓါတ်က မျိုးပွားနိုင်မှုကို မစွမ်းဆောင်နိုင်တဲ့အထိ ဘေးဥပဒ်ဖြစ်စေပါတယ်။ ကြည့်တော့တာ ဘာမှမဟုတ်တာ။ အတော်လေးဒုက္ခပေးတဲ့ ပလတ်စတစ်ပါလားလို့ ပြောရတော့မှာပါ။

(၅၂) မျိုးသော ကင်ဆာတွေ

ကင်ဆာဆိုတာ ကိုရီးယားကားခေတ်စားလာမှ မြန်မာနိုင်ငံမှာ ဖြစ်တာမဟုတ်ပါဘူး။ ကိုယ်တွေ မမွေးခင်ကတည်းက ရှိနေတာပါ။ အထူးသဖြင့် ပလတ်စတစ်တွေသုံးနေခဲ့တဲ့ အရင့်အရင်အချိန်တွေထဲက ကင်ဆာရောဂါဆိုတာ ရှိနေတာပါ။ ပလတ်စတစ်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို ရောနှောသုံးစွဲပေးမယ်ဆိုရင် ကင်ဆာရောဂါ (၅၂) မျိုးအထိတောင် ဖြစ်နိုင်တယ်လို့ American Doctors Association က ထုတ်ပြန်ထားပါသေးတယ်။ ကိုယ်စားတာက နည်းနည်း ရလိုက်မှာက ကင်ဆာ (၅၂) မျိုးဆိုတာကတော့ တော်တော်ကြီး ဆိုးလွန်းပါတယ်။


ခေါက်ရိုးကျိုးနေတဲ့ ပလတ်စတစ်အသုံးပြုလူ့ဘောင်က ခွဲထွက်ဖို့ဆိုတာ ချက်ချင်းကြီးဆို ခဲယဉ်းပေမယ့် မလုပ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ရှင်းရှင်းလေးပါပဲ။ အဆင်ပြေလွန်းပါတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ပလတ်စတစ်တွေ ဆက်သုံးပြီး ရောဂါတွေ အဖြစ်ခံမလား။ တစ်ဦးတစ်ယောက်တည်း ကောင်းဖို့တင်မဟုတ်ဘဲ အကုန်လုံးအတွက်ပါ အဆင်ပြေစေနိုင်မယ့်နည်းလမ်းဖြစ်တဲ့ ပလတ်စတစ်ကို မသုံးကြည့်ဘဲ နေမလားဆိုတာ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အများကြီး မတွေးချင်လည်း သင့်ရွေးချယ်မှုက သင့်တစ်ဦးတစ်ယောက်အတွက်ဆိုပြီးသာ တွေးကြည့်ပါဦး။ ဘယ်အချက်က အဆင်ပြေဆုံးလဲဆိုတာ အထင်းသား မြင်နိုင်ပါတယ်။

Photo Credit

Reference: ADA,  Columbia University

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ