Playstation 4 ရဲ့ နောက်ဆုံး Exclusive ဂိမ်းတစ်ခုဖြစ်တဲ့ Ghost of Tsushima စတင်ထွက်ရှိ

Playstation 4 ရဲ့ နောက်ဆုံး Exclusive ဂိမ်းတစ်ခုဖြစ်တဲ့ Ghost of Tsushima စတင်ထွက်ရှိ

Action-adventure ဂိမ်းတစ်ခုဖြစ်ပြီး Open-world ဆန်ဆန်ဆော့ရမယ့် ဆာမူရိုင်းဂိမ်း Ghost of Tsushima ဟာ Playstation 4 ရဲ့နောက်ဆုံး Exclusive အဖြစ် ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

Jin Saki ဆိုတဲ့ ဆာမူရိုင်းသူရဲကောင်းတစ်ယောက်ဟာ Tsushima ကျွန်းမှာ မွန်ဂိုအင်ပါယာရဲ့ ဖိနှိပ်မှုအောက်ကနေ တော်လှန်ဖို့အတွက် ကြိုးစားရမှာဖြစ်ပါတယ်။ မွန်ဂိုတွေဟာ အင်အားကြီးအင်ပါယာဖြစ်တဲ့အတွက်ကြောင့် ဆာမူရိုင်းတွေအားလုံးကို အလွယ်တကူနှိမ်နင်းနိုင်ခဲ့ပြီး၊ Jin ကသာ နောက်ဆုံးကျန်ခဲ့တဲ့ Survivor တစ်ယောက်လည်းဖြစ်ပါတယ်။

Ghost ဆိုတဲ့အဓိပ္ပါယ်ကတော့ Jin ဟာ အင်အားကြီးရန်သူတွေကို နှိမ်နင်းဖို့အတွက် အသံတိတ်နှိမ်နင်းရမှာမို့လို့ သရဲပုံစံ Ghost လို့အမည်ပေးထားတာဖြစ်ပါတယ်။ Stealth mission တွေချည်းပဲရှိတာတော့မဟုတ်ဘဲ Direct combat နဲ့လည်း တိုက်ခိုက်ရမယ့် mission တွေလည်းရှိပါတယ်။

Ghost of Tsushima ဂိမ်းကို PS Store ကနေ USD $59.99 ၊ Deluxe Edition ကိုတော့ $69.99 နဲ့ဝယ်ယူဆော့ကစားနိုင်ပြီဖြစ်ပါတယ်။ PS5 ကို ဇွန်လ ၁၂ ရက်နေ့မှာ စ တင်ပြသခဲ့တဲ့ Sony အနေနဲ့ နောက်ပိုင်းထွက်ရှိလာမယ့် Exclusive ဂိမ်းတွေကို PS5 မှာပဲ ဆက်လက်ထွက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle