Pokémon Unite ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲများကို မြင်တွေ့သွားရဖွယ်ရှိ

Pokémon Unite ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲများကို မြင်တွေ့သွားရဖွယ်ရှိ

နာမည်ကျော် Franchise တစ်ခုဖြစ်တဲ့ Pokémon ကတော့ အရင်တုန်းက ထွက်ရှိထားတဲ့ Pokémon ဂိမ်းတွေနဲ့ မတူညီတဲ့ MOBA အမျိုးအစား Pokémon Unite ကို ပြီးခဲ့တဲ့ ဇွန်လမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ Pokémon Unite ဟာ MLBB, LoL တို့လို 5 vs 5 ယှဉ်ပြိုင် တိုက်ခိုက်ရမယ့် MOBA ဂိမ်းဖြစ်ပြီး Nintendo Switch နဲ့ Mobile Devices များ အပေါ်မှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

ယခုအခါမှာ Pokémon Unite ကို ဖန်တီး ထုတ်လုပ်ခဲ့တဲ့ Masaaki Hoshino အနေနဲ့ အင်တာဗျူး တစ်ခုမှာ MLBB ရဲ့ M1 Championship, LoL ရဲ့ World Championship ပြိုင်ပွဲတို့လို Pokémon Unite ကိုယ်စားပြု ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမျိုးကို မြင်တွေ့သွားရဖွယ်ရှိကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

Masaaki Hoshino

Masaaki ရဲ့ ပြောကြားချက်များအရ Pokémon Unite ကို Esports ဦးစားပေး ဗီဒီယိုဂိမ်း အဖြစ် ထုတ်လုပ်ခဲ့တာ မဟုတ်ပေမယ့် ပရိသတ်တွေဘက်က တောင်းဆိုမှုတွေ ရှိလာရင်တော့ Pokkén Tournament လို ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွေ ကျင်းပပေးသွားဖွယ် စိတ်ကူးထားတယ်လို့ သိရပါတယ်။

Pokémon ပရိသတ်တွေ အနေနဲ့ Pokémon Unite ကို LoL လို အောင်မြင်တဲ့ ဗီဒီယိုဂိမ်း တစ်ခု အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်ထားလျက် ရှိပေမယ့် Pokémon Unite ရဲ့ Teaser ဗီဒီယိုကို YouTube ပေါ် တင်ခဲ့ရာမှာ Dislike ရရှိမှုတွေ အင်မတန် များပြားခဲ့တာကြောင့် ထင်သလောက် အောင်မြင်မှု ရရှိပါ့မလားလို့ Pokémon ပရိသတ်တွေ အကြားမှာ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်လျက် ရှိပါတယ်။

ဒါပေမယ့်လည်း Pokémon Unite ကို တရုတ်နိုင်ငံမှာ စမ်းသပ် ဖြန့်ချီခဲ့ရာမှာ လူကြိုက်များလျက် ရှိတာကြောင့် အောင်မြင်တဲ့ ဂိမ်းတစ်ခု အဖြစ် မြင်တွေ့သွားရမယ်လို့ Masaaki အပါအဝင် Pokémon အဖွဲ့သားတွေကတော့ ယုံကြည်မှုတွေ ပြင်းထန်လျက် ရှိပါတယ်။

Ref: Dexerto

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle