LoL ပုံစံ Free-To-Start MOBA ဂိမ်းအဖြစ် ထွက်ရှိလာမယ့် Pokémon Unite

LoL ပုံစံ Free-To-Start MOBA ဂိမ်းအဖြစ် ထွက်ရှိလာမယ့် Pokémon Unite

နာမည်ကျော် Franchise တစ်ခုဖြစ်တဲ့ Pokémon ကတော့ အရင်တုန်းက ထွက်ရှိခဲ့တဲ့ Pokémon ဂိမ်းတွေနဲ့ တူညီခြင်း မရှိတဲ့ Pokémon Unite ကို ထပ်မံ မိတ်ဆက် ပေးလိုက်ပြန်ပြီ ဖြစ်ပါတယ်။ အသစ် ထွက်ရှိလာမယ့် Pokémon Unite ကို နာမည်ကျော် Free-To-Play အွန်လိုင်းဂိမ်းတွေဖြစ်တဲ့ Honor of Kings, Call of Duty: Mobile စတဲ့ ဂိမ်းတွေကို ဖန်တီး ရေးဆွဲပေးခဲ့တဲ့ Tencent ရဲ့ TiMi စတူဒီယိုနဲ့ Pokémon ကုမ္ပဏီတို့ ပူးပေါင်း ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Pokémon Unite ဂိမ်းကို Free-To-Start ဗွီဒီယိုဂိမ်း အမျိုးအစား အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး Nintendo Switch နဲ့ Mobile Platform တွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။ Pokémon Unite ဟာ နာမည်ကျော် MOBA ဂိမ်း တစ်ခုလည်းဖြစ်၊ မကြာခင် အချိန်အတွင်းမှာ Mobile Game အဖြစ် မြင်တွေ့ရတော့မှာလည်းဖြစ်တဲ့ LoL နဲ့ ကစားဟန်ပိုင်း အနည်းငယ် တူညီပါတယ်။

MOBA ဂိမ်း တစ်ခု ဖြစ်တာနဲ့ အညီ Pokémon Unite မှာ တစ်ဖက်လျှင် ငါးဦးစီ ပါဝင်တဲ့ အသင်းနှစ်သင်း အပြိုင် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ပွဲစဉ် စတင်တာနဲ့ မိမိ ကြိုက်နှစ်သက်တဲ့ Pokémon အမျိုးအစားကို ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ကာ တစ်ဖက် အသင်းရဲ့ Pokémon တွေကို ရှင်းလင်းပစ်နိုင်ဖို့နဲ့ Objectives တွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Pokémon Unite ကို မိုဘိုင်းဖုန်းကနေ ကစားနေသူတွေ အနေနဲ့ Nintendo Switch မှာ ကစားနေသူတွေနဲ့ အတူတကွ တွဲဖက် ကစားနိုင်အောင် Crossplay Support လည်း ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Pokémon ကုမ္ပဏီဘက်က Pokémon Unite တရားဝင် ထွက်ရှိလာမယ့် နေ့ရက်နဲ့ ပတ်သက်ပြီး ကြေညာခြင်း မရှိသေးသလို မကြာသေးခင် အချိန်ကမှ Pokémon Franchise ရဲ့ အခြားသော ဂိမ်းတွေဖြစ်တဲ့ Pokémon Snap, Pokémon Sword and Shield နဲ့ Pokémon CaféMix တို့ကို ထုတ်လွှင့် ပေးခဲ့တာကြောင့် Pokémon Unite ကို လာမယ့် လအနည်းငယ် အတွင်းမှာ မြင်တွေ့သွားရဖို့တော့ မရှိသေးပါဘူး။

ဒါပေမယ့်လည်း လက်ရှိ မိုဘိုင်း MOBA လောကကို ကြီးစိုးထားတဲ့ MLBB, AoV (Honor of Kings) စတဲ့ ဂိမ်းတွေကို ယှဉ်ပြိုင်နိုင်မယ့် LoL မိုဘိုင်း၊ Pokémon Unite တို့ ထွက်ရှိလာမယ့် သတင်းက MOBA ပရိသတ်တွေ အတွက်တော့ တကယ်ကို သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

REF: TheVerge

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle