တစ်လခန့် Streaming ပြုလုပ်မှုကို ရပ်နားသွားမယ့် နာမည်ကျော် Streamer Pokimane

တစ်လခန့် Streaming ပြုလုပ်မှုကို ရပ်နားသွားမယ့် နာမည်ကျော် Streamer Pokimane

Imane “Pokimane” Anys ဆိုတာကတော့ Twitch Platform ရဲ့ နာမည်ကျော် Streamer တစ်ဦးဖြစ်ပြီး Follower ၅.၄ သန်းကျော်ဖြင့် ရပ်တည်လျက်ရှိတဲ့ Streamer တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ Pokimane အနေနဲ့ စိတ်ပင်ပန်း နွမ်းနယ်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် တစ်လခန့် Streaming ပြုလုပ်မှုကို ရပ်နားသွားမှာဖြစ်ကြောင်း ကိုယ်ပိုင် Twitter အကောင့်ကနေ တစ်ဆင့် ကြေညာသွားခဲ့ပါတယ်။

“ကွာရန်တင်း ကာလ စတင်စဉ် အချိန်ကတည်းက ကျွန်မ Streaming ပြုလုပ်ရတာကို ပျော်ရွှင်ခြင်း မရှိတော့သလို အလုပ်ကြီး တစ်ခုလို အချိန်မှန် ပြုလုပ်သွားဖို့ အတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေဆီ သွားရောက် လည်ပတ်ရတာ၊ ပွဲတော်တွေကို သွားရောက်ရတာကို ကျွန်မ တကယ်ကို နှစ်သက်မိပါတယ်။

ဒါပေမယ့်လည်း ယခုကာလမှာတော့ ကျွန်မ နှစ်သက်တဲ့ အရာတွေကို လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် အခုလို တစ်လကြာ Streaming ပြုလုပ်မှုကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၆) နှစ်၊ အထက်တန်းကျောင်း ပြီးသွားတဲ့ အချိန်ကတည်းက Streaming ပြုလုပ်မှုကနေ တစ်လနီးပါး အနားယူခြင်း လုံးဝ မရှိခဲ့ပါဘူး။

ယခုအခါမှာတော့ ကျွန်မ ကျန်းမာရေး အတွက် သင့်တော်တဲ့ အရာတွေကို လုပ်ဆောင်သွားဖို့ အချိန်ကျရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးအတွက် ပျော်ရွှင်စရာတွေ ဖန်တီး ပေးနိုင်ခဲ့လို့လည်း တကယ်ကို ဂုဏ်ယူမိပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာ ပရိသတ်တွေ အတွက် အကျိုးရှိစေမယ့် Content တွေ ပြန်လည် ဖန်တီးသွားနိုင်မယ်လို့လည်း မျှော်လင့်မိတာပေါ့။ မကြာခင်မှာ ပြန်ဆုံတွေ့ကြတာပေါ့။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle