Legendary CSGO ကစားသမား pashaBiceps ကို ပရို CSGO လောကမှာ ပြန်လည် မြင်တွေ့သွားရဖွယ်ရှိ

CSGO လောကရဲ့ Legendary ကစားသမား တစ်ဦးဖြစ်တဲ့ Jaroslaw “pashaBiceps” Jarzabkowski အနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ပြီး ပရို CSGO လောကကနေ အနားယူသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် (၃၂) အရွယ် ရှိနေပြီဖြစ်တဲ့ pashaBiceps အနေနဲ့ ပရိုကစားသမား ဘဝကနေ အနားယူချိန်က စတင်ပြီး နာမည်ကျော် Esports အဖွဲ့အစည်း Team Liquid လက်အောက်ခံ CSGO Streamer အဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းများအရ pashaBiceps ကို ပရို CSGO လောကမှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိတယ်လို့ သိရပါတယ်။ pashaBiceps အနေနဲ့ Team Liquid Academy CSGO အသင်းမှာ ဝင်ရောက် ကစားသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပြီး Team Liquid Academy CSGO အသင်းကို ပိုလန်နိုင်ငံသား သီးသန့် အသင်း အဖြစ် ဖွဲ့စည်းသွားဖွယ် ရှိတယ်လို့ သိရပါတယ်။
🇵🇱 Jarosław „pashaBiceps” Jarząbkowski wróci do gry w barwach akademii Liquid. Prawdopodobnie weźmie ona udział w PLE.
— Polish leaks (@PolishLeaks) October 4, 2020
🇬🇧 Jarosław „pashaBiceps” Jarząbkowski will compete again in CS, creating Liquid Academy. It is highly possible, they will take part in Polish Esport League.
ဒါ့အပြင် pashaBiceps ဦးဆောင်သွားမယ့် Team Liquid Academy CSGO အသင်းဟာ Polish Esports League မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပြီး လူငယ် ကစားသမားများကို ပြုစုပျိုးထောင်ပေးရန် အတွက်သာ အဓိကထား ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့ Team Liquid အနေနဲ့ရော၊ pashaBiceps ဘက်ကပါ အဆိုပါ သတင်းကို အတည်ပြုပေးခြင်း မရှိသေးပါဘူး။

RE: AfkGaming