တက္ကဆက် အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုရဲ့ Co-Owner ဖြစ်လာခဲ့တဲ့ Post Malone

တက္ကဆက် အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုရဲ့ Co-Owner ဖြစ်လာခဲ့တဲ့ Post Malone

နာမည်ကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ Post Malone ကတော့ Esports လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Post Malone အနေနဲ့ နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Envy Gaming ရဲ့ Co-Owner အဖြစ် ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။

Envy Gaming ဆိုတာကတော့ နာမည်ကျော် Esports ကဏ္ဍတွေဖြစ်တဲ့ CS: GO, Overwatch League, Call of Duty League, Magic the Gathering, Super Smash Bros, Rocket League, Valorant တို့မှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသလို အောင်မြင်မှုပေါင်း များစွာကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

Post Malone အနေနဲ့ Envy Gaming မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်က တက္ကဆက်မှာ ကြီးပြင်းခဲ့တဲ့ ကောင်လေး တစ်ယောက်ပါ။ ကျွန်တော့် ဘဝတစ်ခုလုံံးကိုလည်း ဂိမ်းဆော့ရင်း ဖြတ်သန်းလာခဲ့တာပါ။ Esports ကို ပရိုဖက်ရှင်နယ် အားကစားနည်း တစ်ခုလို အောင်မြင်တဲ့ အားကစားနည်း အဖြစ် ရပ်တည်လာနိုင်အောင် ကူညီချင်တာ ကျွန်တော်ရဲ့ ရည်မှန်းချက် တစ်ခုပါ။ အခုလို ကျွန်တော့် မွေးရပ်မြေ အခြေစိုက် Envy Gaming မှာ ရင်းနှီးမြှုပ်နှံခွင့် ရရှိတဲ့ အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်။”

Post Malone

Post Malone မတိုင်ခင်ကလည်း Offset (Faze Clan), Drake (100 Thieves), The Weeknd (Overactive Media) စတဲ့ နာမည်ကျော် အနုပညာရှင်တွေ အနေနဲ့ Esports အဖွဲ့အစည်း အသီးသီးမှာ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ကြသလို နာမည်ကျော် NBA စတား Ben Simmons အနေနဲ့လည်း Faze Clan မှာ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Post Malone အနေနဲ့ ယခုအကြိမ်မှသာ Esports လောက အထဲကို ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး။ သူု့အနေနဲ့ HyperX ရဲ့ Brand Ambassador အဖြစ် တာဝန်ယူလျက် ရှိသလို Warzone, PUBG စတဲ့ ဂိမ်းတွေကိုလည်း မကြာခဏ ဆိုသလို Streaming ပြုလုပ်လေ့ ရှိပါတယ်။

REF: TheVerge