TI ချန်ပီယံ နှစ်ဦး TI Runner-Up ကစားသမား တစ်ဦး ပါဝင်လာတဲ့ SADBOYS Dota 2 အသင်း

TI ချန်ပီယံ နှစ်ဦး TI Runner-Up ကစားသမား တစ်ဦး ပါဝင်လာတဲ့ SADBOYS Dota 2 အသင်း

The International 2015 ချန်ပီံယံ ကစားသမား နှစ်ဦးဖြစ်တဲ့ Fear နဲ့ PPD တို့ကတော့ SADBOYS လို့ အမည်ရတဲ့ Dota2 အသင်းကို ပူးတွဲ တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။ SADBOYS Dota2 အဖွဲ့သားတွေ အနေနဲ့ မကြာခင်မှာ ကျင်းပသွားမယ့် BTS Pro Series Season 4 NA ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Fear

SADBOYS Dota2 အသင်းမှာ PPD, Fear စတဲ့ နာမည်ကျော် ကစားသမားတွေ အပြင် DC Dota2 အသင်းနဲ့ အတူ TI 6 မှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ Offlane ကစားသမား Moo၊ NA အခြေစိုက် ဝါရင့်ကစားသမား တစ်ဦးဖြစ်တဲ့ Sneyking တို့ အပြင် အသက် ၁၇ နှစ် အရွယ်သာ ရှိသေးပေမယ့် လက်စွမ်းကောင်းတွေကို ပြသလျက်ရှိတဲ့ PUB Star ဖြစ်သူ dnm တို့လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

PPD

Fear အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ Business Associates Dota2 အသင်းမှာ Support ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့ပေမယ့် SADBOYS မှာတော့ မူလ Position ဖြစ်တဲ့ Carry နေရာမှာ ပြန်လည် တာဝန်ယူသွားမှာ ဖြစ်သလို Role အမျိုးမျိုး ပြောင်းလဲ ကစားလျက်ရှိတဲ့ Moo ဟာ ဆိုရင်လည်း သူအကျွမ်းကျင်ဆုံး Position ဖြစ်တဲ့ Offlane Position မှာ ပြန်လည် ကစားသွားမှာ ဖြစ်ပါတယ်။

Moo

Soft Support နဲ့ Hard Support Duo အဖြစ် Sneyking နဲ့ PPD တို့က တာဝန်ယူသွားမှာဖြစ်ပြီး Mid Laner အဖြစ်ကိုတော့ လူငယ်ကစားသမားလေး Dnm က အသုံးတော်ခံသွားမှာ ဖြစ်ပါတယ်။ SADBOYS Dota2 အသင်းဟာ မူလပထမက BTS Pro Series Season 4 NA ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရရှိဖို့ အတွက် Open Qualifier ကနေ စတင် ကစားသွားရဖို့ ရှိနေခဲ့ပေမယ့် Direct Invite ရရှိထားတဲ့ 4FUN Dota2 အသင်းမှာ Eternal Envy ထွက်ခွာခြင်းနဲ့အတူ ကစားသမား အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် 4FUN Dota2 အသင်းအစား Direct Invite ရရှိခဲ့တာ ဖြစ်ပါတယ်။

Sneyking

BTS Pro Series Season 4 NA ပြိုင်ပွဲကို ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ အဖြစ် ဒေါ်လာ ၄ သောင်း ချီးမြှင့်သွားမှာ ဖြစ်တာကြောင့် Legend ကစားသမားတွေ ပါဝင်တဲ့ SADBOYS Dota2 အသင်း အနေနဲ့ ဘယ်အဆင့်အထိ တက်လှမ်းသွားနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

SADBOYS Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Fear – Pos 1
  • Dnm – Pos 2
  • Moo – Pos 3
  • Sneyking – Pos 4
  • PPD – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle