ပရို Dota2 ကစားသမား ဘဝကို ပြန်လည် ခံယူသွားမယ့် PPD

ပရို Dota2 ကစားသမား ဘဝကို ပြန်လည် ခံယူသွားမယ့် PPD

Dota2 လောကရဲ့ အကောင်းဆုံး Captain တွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ PPD အနေနဲ့ ယခုနှစ် ဧပြီလက စတင်ပြီး ပရို Dota2 ကစားသမား ဘဝကနေ အနားယူသွားခဲ့ပါတယ်။ PPD အနေနဲ့ EG Dota2 အသင်းနဲ့ အတူ The International 2015 ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို Optic Gaming, Ninjas in Pyjamas စတဲ့ Dota2 အသင်းတွေနဲ့လည်း အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုဗစ်-၁၉ ကြောင့် LAN ပြိုင်ပွဲတွေ ရပ်ဆိုင်းလိုက်တဲ့ အချိန်က စတင်ပြီး PPD အနေနဲ့ Dota2 အပေါ် စိတ်အား ထက်သန်မှုတွေ ပျောက်ဆုံးလျက် ရှိတာကြောင့် ကစားသမား ဘဝကနေ အနားယူသွားမှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ PPD အနေနဲ့ ပရို Dota2 ကစားသမား ဘဝကနေ အနားယူချိန်မှ စတင်ပြီး World of Warcraft, Skyrim, Fall Guys, Dota2 စတဲ့ ဂိမ်းတွေကို ကိုယ်ပိုင် Twitch Channel က‌နေ တစ်ဆင့် Streaming ပြုလုပ်ခဲ့ပါတယ်။

ပရို ကစားသမား ဘဝကနေ အနားယူလျက် ရှိပေမယ့် PPD ရဲ့ Dota2 အပေါ် ချစ်မြတ်နိုးစိတ်ကတော့ ကုန်ဆုံးသွားခြင်း မရှိခဲ့သလို NA Dota2 လောက အောင်မြင်ရေး၊ ကစားသမားသစ်‌တွေ ပေါ်ထွက်လာရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုတွေကို ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ DPC ရာသီကို ၂၀၂၁ ခုနှစ် ဇန်နဝါလနဲ့ ဖေဖော်ဝါရီလ အကြားမှာ ပြန်လည် စတင်တော့မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်တာနဲ့ အညီ PPD အနေနဲ့ ပရို ကစားသမား ဘဝကို ပြန်လည် ခံယူသွားဖို့ စဉ်းစားလျက်ရှိကြောင်း Streaming Session တစ်ခုမှာ အတည်ပြုသွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော် ပရို Dota2 ကစားသမား ဘဝကို ပြန်လည် ခံယူသွားဖို့ စဉ်းစားလျက် ရှိပါတယ်။ ဒါပေမယ့်လည်း DPC ရာသီစတင်တာနဲ့တော့ တစ်ခါတည်း ကစားသမား ဘဝကို ပြန်လည် ခံယူသွားမှာ မဟုတ်ပါဘူး။ Dota2 လောကအတွင်းက အခြေအနေတွေကို သေချာ စောင့်ကြည့်ပြီးမှသာ ပြန်လည် ဝင်ရောက်လာမှာ ဖြစ်ပါတယ်။”

PPD ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ Fear အနေနဲ့လည်း DPC ရာသီ မစတင်ခင် အချိန်အထိ အနားယူသွားမှာဖြစ်ကြောင်း ကြေညာထားတဲ့ အပြင် Dota2 လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Sumail အနေနဲ့လည်း လက်ရှိအချိန်ထိ အသင်းလက်မဲ့ အဖြစ် ရပ်တည်လျက် ရှိတာကြောင့် EG Dota2 အသင်းရဲ့ TI ချန်ပီယံဟောင်းတွေ ဖြစ်ကြတဲ့ PPD, Fear, Sumail တို့ ပြန်လည် ပေါင်းစည်းခြင်းကို မြင်တွေ့သွားရမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle