Dota 2 အသင်း နည်းပြတွေရဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပြသွားခဲ့တဲ့ နာမည်ကျော် Dota 2 ကစားသမား PPD

Dota 2 အသင်း နည်းပြတွေရဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပြသွားခဲ့တဲ့ နာမည်ကျော် Dota 2 ကစားသမား PPD

PPD ဆိုတာကတော့ Dota 2 လောကမှာ မသိသူမရှိသလောက် နာမည်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ PPD အနေနဲ့ Evil Geniuses Dota 2 အသင်းနဲ့အတူ The International 2015 ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို လက်ရှိအချိန်မှာ NiP Dota 2 အသင်းမှာ ကပ္ပတိန် (Pos 5) ကစားသမား အဖြစ် တာဝန်ယူ ကစားလျက် ရှိပါတယ်။

PPD အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Position 6 Podcast အစီအစဉ်မှာ Dota 2 အသင်း‌ နည်းပြတွေရဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။

“ကျွန်တော့် အတွက်တော့ Dota 2 အသင်း တစ်သင်းကို ဖွဲ့စည်းဖို့ အတွက် ကစားသမား ငါးဦးပဲ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ ကောင်းမွန်တဲ့ Dota 2 အသင်းကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမား ငါးဦး လိုအပ်တာပေါ့ဗျာ။

တကယ်လို့သာ တစ်စုံတစ်ယောက်က ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ ကူညီပေးချင်တယ်လို့ ပြောလာခဲ့မယ် တစ်နည်းအားဖြင့် နည်းပြအဖြစ် ကူညီပေးဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဝမ်းပန်းတသာနဲ့ လက်ခံမိမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း နည်းပြတစ်ယောက် အဖြစ် အသင်းကို တိုးတက် ကောင်းမွန်လာအောင် စွမ်းဆောင်ပေးဖို့ဆိုတာ တကယ်တမ်း လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။”

Poisiton 6 Podcast အစီအစဉ်ရဲ့ Host တစ်ဦးဖြစ်တဲ့ Dan Offen က PPD ကို Heen, Sunbhie တို့လို အရည်အချင်း ပြည့်ဝတဲ့ နည်းပြတွေကို ပိုင်ဆိုင်ထားရတဲ့ အခြားသော Dota 2 အသင်းတွေကို မနာလိုလို့ အခုလို ဖြေကြားခဲ့တာလား ဆိုပြီး မေးမြန်းခဲ့ရာမှာ PPD ကတော့ အခုလိုပဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ကျွန်တော် သူတို့အသင်းတွေကို မနာလို လုံးဝ မဖြစ်မိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Heen, Bulba, Sunbhie တို့ဆိုတာ ကစားသမား ဘဝနဲ့ ဆက်လက် ရပ်တည်ဖို့ အရည်အချင်း မပြည့်မီတာကြောင့် ကစားသမား ဘဝကို စွန့်ခွာပြီး နည်းပြဘဝကို ခံယူလိုက်တာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။

ကျွန်တော် အခုလို ပြောလိုက်လို့ လူအများ အမြင်မှာ တစ်မျိုးဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပေမယ့် ကျွန်တော် ပြောခဲ့တာ အမှန်တရားတွေပဲလေ။ ဒါကြောင့် ကျွန်တော့် အသင်းအတွက် သူတို့လို လူတွေကို မလိုချင်တာ အသေအချာပါပဲ။”

ဒါ့အပြင် PPD အနေနဲ့ Position 6 Podcast အစီအစဉ်မှာ DPC စနစ် အသစ်အကြောင်းတွေ၊ NiP Dota 2 အသင်းမှာ ဘာလို့ ကစားသမား အပြောင်းအလဲတွေ မကြာခဏ ပြုလုပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေ၊ ESL One LA Major အတွက် ဘယ်လို ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းတွေကိုပါ ပြောကြားသွားခဲ့ပါတယ်။

တကယ်လို့ Position 6 Podcast အစီအစဉ်မှာ PPD ရဲ့ ဖြေကြားချက်တွေကို နားထောင်းချင်တယ် ဆိုရင်တော့ ဒီလင့်ခ်ကနေ တစ်ဆင့် ဝင်ရောက် နားထောင်နိုင်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle