COVID-19 ကြောင့် ကစားသမား ဘဝကနေ အနားယူခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့တဲ့ PPD

COVID-19 ကြောင့် ကစားသမား ဘဝကနေ အနားယူခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့တဲ့ PPD

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က TI ချန်ပီယံ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Peter “PPD” Dager တစ်ယောက် ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကနေ ရုတ်တရက် အနားယူသွားခဲ့ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက်၊ အနိုင်ရယူဖို့ အတွက် စိတ်အားထက်သန်ခြင်း မရှိတော့တာကြောင့် အခုလို အနားယူဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း ပြောသွားခဲ့ပေမယ့် ကြည့်ရတာ အဆိုပါ အကြောင်းပြချက် တစ်ခုတည်းကြောင့် PPD အနေနဲ့ အနားယူဖို့ အတွက် ဆုံးဖြတ်ခဲ့ပုံ မပေါ်ပါဘူး။

PPD အနေနဲ့ Dota2 ကစားသမား ဘဝကနေ အနားယူခဲ့ပေမယ့် ဂိမ်းလောကကနေ စွန့်ခွာခြင်း မရှိသေးဘဲ ကိုယ်ပိုင် Twitch Channel ကနေ World of Warcraft Streaming တွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Streaming ဆက်ရှင် တစ်ခုမှာ PPD အနေနဲ့ ကစားသမား ဘဝက‌နေ အနားယူဖို့ ဆုံးဖြတ်ခဲ့ရခြင်းရဲ့ နောက်ထပ် အကြောင်းပြချက် တစ်ခုကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“တကယ်လို့သာ COVID-19 ကပ်ရောဂါ ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့ဘူးဆိုရင် TI 10 ပြိုင်ပွဲ ကျင်းပတဲ့ အချိန်အထိ ဆက်ကစားဖြစ်ခဲ့မှာ အသေအချာပါပဲ။”

ဒါ့အပြင် အဆိုပါ Streaming ဆက်ရှင်မှာပဲ PPD အနေနဲ့ NiP Dota2 အသင်းနဲ့အတူ ESL One LA Major မှာ ယှဉ်ပြိုင်ဖို့ အတွက် အမေရိက ပြန်လာပြီး သိပ်မကြာခင် အချိန်အတွင်းမှာ သမ္မတထရန့် အနေနဲ့ ခရီးသွားလာခွင့်တွေ ပိတ်ပင်လိုက်တာဖြစ်ကြောင်း၊ ကံကောင်းထောက်မတဲ့ အတွက်ကြောင့် အခုလို ကပ်ဘေးသင့် ကာလမှာ မိသားစုနဲ့ အတူနေထိုင်ခွင့် ရရှိခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် Esports ပြိုင်ပွဲများ အားလုံးကို ရက်ရွေ့ဆိုင်းလိုက်ရပြီ ဖြစ်သလို ဘယ်အချိန်မှ ပြန်လည် ကျင်းပခွင့် ရရှိမယ် ဆိုတာကိုလည်း အတိအကျ သိရှိရခြင်း မရှိသေးတာကြောင့် PPD ရဲ့ ယခု ဆုံးဖြတ်ချက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်သလို ရှေ့ဆက်လျှောက်မယ့် ဘဝ ခရီးလမ်း အတွက် ဝါသနာပါရာကို ရှာဖွေရာမှာလည်း အချိန်ပို ရရှိစေဖို့ အထောက်အကူ ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle