Royal တွေထဲမှာ Pride Month ကို ပထမဦးဆုံးဂုဏ်ပြုလိုက်တဲ့ တော်ဝင်မောင်နှံ

Royal တွေထဲမှာ Pride Month ကို ပထမဦးဆုံးဂုဏ်ပြုလိုက်တဲ့ တော်ဝင်မောင်နှံ

တော်ဝင်မင်းသား Prince Harry နဲ့ Meghan Markle တို့ဟာ တော်ဝင်မိသားစုဝင်တွေထဲမှာ လူသိရှင်ကြား Pride Month ကို ဂုဏ်ပြုဆင်နွဲတဲ့ ပထမဆုံးအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပါပြီ။ ဒီတော်ဝင်စုံတွဲဟာ ဇွန်လတစ်ရက်နေ့ စနေ့နေမှာ သူတို့ရဲ့ တရားဝင် Instagram အကောင့်ပေါ်မှာ LGBT+ Pride Month စတင်တာကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဓာတ်ပုံနဲ့ စာသားတချို့ကို ရေးပြီးတင်ခဲ့ပါတယ်။

ကြိုဆိုတဲ့အနေနဲ့ ရေးပြီးတင်ခဲ့တာကတော့ ” For The Month June we “produly” Shine a light on PRIDE” ဆိုပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ စာသားကို ရေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ထောက်ခံကြောင်းကို ပေါ်လွင်စေတဲ့ စာသားတစ်ပိုဒ်ကိုလည်း ထပ်ပေါင်းထည့်ပြီး ရေးသားထားပါသေးတယ်။


အဆုံးသတ်မှာတော့ တကယ်ကိုလှပြီး ချစ်ဖို့ကောင်းတဲ့ စာသားလေးနဲ့ ရေးပြီး အဆုံးသတ်ထားပါတယ်။ ဘယ်လိုလေးရေးသားထားတာလဲဆိုတော့ “LGBTQ တွေနဲ့ အတူတကွရပ်တည်ပြီး ထောက်ခံအားပေးကြောင်း ၊ ဘာကြောင့်ထောက်ခံအားပေးရတာလဲဆိုတော့ ရိုးရှင်းပါတယ်။ သူတွေဟာ လူသားတွေပဲ ဖြစ်သလို၊ သူတို့ရဲ့ အချစ်တွေအချစ်ဟာလည်း အချစ်တွေပဲမို့လို့ပါဆိုပြီး ရေးသားထားကာ သက်တံသင်္ကေတလေးပါ ထည့်သွင်းဖော်ပြထားပြီး” အဆုံးသတ်ခဲ့ပါတယ်။

ဒီတော်ဝင်စုံတွဲရဲ့ တရားဝင် Instagram အကောင့်ကို Stonewall အပါအဝင် Human Rights Campaign လှုပ်ရှားသူတွေ၊ Albert Kennedy Trust the Trevor Project ကို လုပ်ဆောင်သူတွေနဲ့ Elton John AIDS Foundation ကိုလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေအပြင် အဖွဲ့အစည်းပေါင်း (၁၁) ဖွဲ့လောက်က Follow လုပ်ထားကြပါတယ်။

စာသားတွေနဲ့အတူ Pro- LGBT ပုံတွေကို စုစည်းဖော်ပြထားတဲ့အထဲမှာ Prince Harry ဟာ သူရဲ့မိခင် Princess Diana ရဲ့ AIDS ကပ်ဘေးခံစားနေရတဲ့ လူနာတွေဆီကို သွားရောက်လည်ပတ်ပြီး အားပေးနေတဲ့ပုံကို တပါးတည်းတွဲပြီး ထည့်သွင်းဖော်ပြထားတာဟာလည်း ထူးခြားချက်တစ်ခုပါ။

တော်ဝင်မင်းသား Harry နဲ့ Meghan Markle တို့ ဒီလိုထောက်ခံကြောင်းရေးသားပြီး တင်ခဲ့တဲ့ စာသားကို LGBT+ Groups တွေက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုလက်ခံခဲ့ကြပါတယ်။ ကမ္ဘာပေါ်ကလူသားတိုင်း LGBT ကို လက်ခံလာနိုင်စေဖို့အတွက် အိုးမဲ့အိမ်မဲ့ အဖြစ်ခံပြီး လှုပ်ရှားနေတဲ့ Albert Kennedy Trust ကလည်း တော်ဝင်စုံတွဲ ဒီလိုရေးပြီး ထောက်ခံအားပေးမှုကို ကျေးဇူးတင်ပါတယ်ဆိုပြီး Comment ပြန်ပေးခဲ့ပါတယ်။

အဖွဲ့အစည်းအများစုနဲ့ ပြည်သူလူထုအများစုကတော့ တော်ဝင်စုံတွဲ LGBT တွေဘက်ကနေရပ်တည်ပြီး ထောက်ခံအားပေးမှုအပေါ်ကို ကောင်းတဲ့မှတ်ချက်တွေ အများအပြား ပြန်ပေးကြပါတယ်။ တော်ဝင်တွေရဲ့သမိုင်းမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ဒီလိုထောက်ခံမှုမျိုးဟာ ကောင်းတဲ့ပြောင်းလဲမှုလား၊ ကောင်းတဲ့အရွေ့လားဆိုတာကတော့ာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ပရိသတ်ကြီးရော Prince Harry နဲ့ Meghan Markle တို့ရဲ့ ဒီလိုထောက်ခံအားပေးမှုအပေါ်မှာ ကောင်းတယ်လို့ မြင်လား ဘယ်လိုမြင်လဲဆိုတာကို သုံးသပ်ကြည့်ပေးသွားပါဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle