ရင်သွေးလေးနာမည်ကို တရားဝင်ပြောကြားလိုက်တဲ့ Prince Harry နဲ့ Meghan Markle

ရင်သွေးလေးနာမည်ကို တရားဝင်ပြောကြားလိုက်တဲ့ Prince Harry နဲ့ Meghan Markle

Prince Harry နဲ့ Meghan Markle တို့ဟာ၂ဝ၁၉ခုနှစ် မေလ (၆) ရက်နေ့မှာမွေးဖွားခဲ့တဲ့ သူတို့ရဲ့ သားလှရတနာလေးကို ဗုဒ္ဓဟူးနေ့က နာမည်ပေးလိုက်ပြီလို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


သူတို့ကလေးလေးရဲ့ နာမည်ကို “Archie Harrison Mountbatten-Windsor” ဆိုပြီး နာမည်ပေးလိုက်တယ်လို့Instagram မှာ ရေးသားပြီး ကြေညာခဲ့တာပါ။ အဲဒီနေ့ နေ့လယ်မှာပဲ ဘုရင်မကြီးဟာ သူရဲ့ရှစ်ယောက်မြောက်မြစ်တော်လေးကို Windsor Castle မှာ တွေ့ဆုံခဲ့ပါတယ်။ ဘုရင်မကြီးလာရောက်တွေ့ဆုံတဲ့အခါ မြစ်တော်လေးရဲ့အဘိုး မြို့စားကြီး Edinburgh နဲ့ Meghan Markle ရဲ့အမေဟာ အတူတကွလာရောက်ပြီး ကြည့်ရှုခဲ့ပါသေးတယ်။


ကလေးလေးကို ပေးလိုက်တဲ့နာမည်ထဲက Mountbatten-Windsor ဟာ တော်ဝင်မိသားစုဝင်တွေတိုင်း ရွေးချယ်သုံးလေ့ရှိတဲ့ Surname ပဲ ဖြစ်ပါတယ်။ Harry နဲ့ Meghan တို့ဟာ သူတို့ရဲ့သားကို မင်းမျိုးမင်းနွယ်ဆန်တဲ့ နာမည်မျိုး သိပ်ရွေးချယ်ပြီး မပေးဘဲ နာမည်ရဲ့ရှေ့မှာ ဘွဲ့ထူးဂုဏ်ထူးအနေနဲ့ Lord ကိုပဲ ထည့်ခေါ်ဖို့ ရှိပါတယ်ဆိုပြီး ပြောကြားပါတယ်။ ဒီစုံတွဲဟာ ဘာအဓိပ္ပာယ်နဲ့ Harrison ကိုထည့်ပြီးပေးထားတာလဲဆိုတာကိုတော့ တိတိကျကျမပြောပြထားပေမယ့် သဲလွန်စတွေအရတော့ Harrison ဆိုတာ Harry ရဲ့သားဆိုပြီး အဓိပ္ပါယ်ရတယ်လို့တော့ ပြောနေကြပါတယ်။

Oddsmakers ဝက်ဆိုဒ်ရဲ့ ပြောကြားချက်အရဆို ကလေးရဲ့နာမည်ကိုပေးဖို့ ရွေးချယ်တုန်းက Alexander ဆိုတဲ့နာမည်က အကြိုက်ဆုံးဖြစ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ Prince Charles ရဲ့ အလယ်နာမည်ဖြစ်တဲ့ Arthur က ဒုတိယအကြိုက်ဆုံး နာမည်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Prince Harry ရဲ့ ချစ်လှစွာသောအမေ Princess Diana ကို ဂုဏ်ပြုပြီး ပေးကြပါလိမ့်မယ်လို့လည်း ထင်ကြေးပေးကြပါသေးတယ်။ အဲဒီလို ထင်ကြေးတွေကိုကျော်ပြီး နောက်ဆုံးမှာ အခုရွေးချယ်လိုက်တဲ့ နာမည်ကို အဓိပ္ပာယ်ရှိရှိပေးဖြစ်သွားတာ ဖြစ်ပါတယ်။

နာမည်ပေးလိုက်တဲ့ ဗုဒ္ဓဟူးနေ့တုန်းက Prince Harry နဲ့ Meghan Markle တို့ဟာ သူတို့ ရဲ့အိမ် Windsor Castle ကနေ ပွဲထွက်ခဲ့ကြပေမယ့် အဲတုန်းကတော့ Meghan နဲ့ ရင်သွေးလေးရဲ့ လုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ နာမည်ကို တစ်ခါတည်း ထုတ်ဖော်မပြောကြားခဲ့ပါဘူး။ အဲ့ဒီတုန်းက Prince Harry နဲ့ Meghan တို့ဟာ သူတု့ိရဲ့ Archie Harrison လေး မွေးဖွားလာမှုကို အရမ်းဝမ်းမြောက်နေတဲ့ပုံ ရှိပါတယ်။ Meghan က ဘယ်လောက်ထိတောင် ဝမ်းမြောက်နေလဲဆိုရင် “ဒီကလေးလေးမွေးဖွားတာဟာ ဘယ်လောက်တောင် မျက်လှည့်ဆန်လိုက်သလဲ အံ့သြစရာပါပဲ။ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးယောကျာ်းနှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရလို့ အရမ်းကို ဝမ်းမြောက်ဝမ်းသာပါတယ်ဆိုပြီး” ပြောကြားခဲ့ပါတယ်။


ကလေးလေးရဲ့နာမည်ကို ကြေငြာတဲ့ Instagram Account ရဲ့ အောက်မှာ ဝိုင်းဝန်းဆုတောင်းပေးတဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ မယုံကြည်နိုင်လောက်အောင် နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးပြီး ဆုတောင်းပေးမှုတွေ ပြုလုပ်ပေးခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဆိုပြီး ပြန်လည် ပြောကြားခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ်သူတို့ ဝမ်းမြောက်နေတဲ့ ပုံရိပ်တွေကို ကြည့်ပြီး ပရိသတ်တွေလည်း အပျော်တွေ ကူးစက်သွားလိမ့်မယ်လို့ ထင်ပါတယ်နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle