လောကမှာကိုယ်မထင်မှတ်ထားတဲ့အခြေအနေတွေနဲ့ ကြုံလာရင်

လောကမှာကိုယ်မထင်မှတ်ထားတဲ့အခြေအနေတွေနဲ့ ကြုံလာရင်

သဘာဝတရားဆိုတာ ကိုယ်မျှော်မှန်းထားသလိုဘယ်တော့မှ ဖြစ်လာတတ်မှာမဟုတ်ပါဘူးနော်။ လူ့ဘဝဆိုတာ ကိုယ့်ထင်ထားသလိုဖြစ်လာတတ်ဖို့ဆိုတာကလည်း ထင်သလောက်မရိုးရှင်းဘူးလို့လည်းပြောလို့ရပါတယ်။ တစ်ချို့လူတွေကကိုယ့်ရဲ့ အနာဂတ်ကိုအရမ်းတွေမျှော်လင့်တတ်ကြပါတယ်။ဒါပေမယ့်ကိုယ်တကယ်လက်ခံလို့အခြေအနေအတွက် ဘယ်လိုမျိုးတွေပြင်ဆင်သင့်လဲဆိုတာကိုမျှဝေပေးခြင်းပါတယ်။
လက်ခံပါ
ဘယ်အရာမဆို  ကြီးသည်ဖြစ်စေကိစ္စမတိုင်းကိုအရင်လက်ခံတတ်ပါစေ၊လူတွေက ပြဿနာတစ်ခုကြုံလာပြီဆို အရမ်းတွေတုန်လှုပ်တတ်ကြပါတယ်။ တကယ်တမ်းတော့ ဒီလိုမျိုးဆိုရင်အရင်ဆုံးစိတ်အေးအေးထားပါ၊ ပြဿနာကဘယ်ကစဖြစ်လဲဆိုတာကိုဆန်းစစ်ပါကိုယ့်အတွက်ကတော့ သေချာတဲ့အဖြေတစ်ခုသေချာ်ပေါက်ရမှာပါနော်။


ကြိုမတွေးပါနဲ့
လူတော်တော်များများရဲ့စိတ်ကအရမ်းလောတတ်ကြပါတယ်၊ ကိစ္စတစ်ခုကိုအဖြေရှာဖို့အတွက်နည်းလမ်းကိုမစဉ်းစားပဲနဲ့ မဖြစ်သေးတာကိုကြိုပြီးစိတ်ပူနေတတ်ကြပါတယ်။ အဲ့လိုမျိုးတွေဖြစ်လာရင် အသက်ကိုပုံမှန်ရှုပြီး ခေါင်းအေးအေးနဲ့တစ်ခုချင်းစဉ်းစားကြည့်လိုက်ပါ၊ကြုံတွေ့နေရတာတွေက ဘာမှမဟုတ်တော့ပါဘူးနော်။

အဖြေရှာပါ
ကိုယ့်က ဒီဟာဖြစ်ကိုဖြစ်မယ်ဆိုပြီး ယုံကြည်ထားပေမယ့်လည်း တကယ်တမ်းလက်တွေမှာတော့ ကိုယ့်ထင်ထားတာနဲ့ တစ်ခြားစီဖြစ်မလာဘူးဆိုရင် စိတ်ပျက်တာမျိုးတွေ၊ ဘာမှမလုပ်ချင်တာမျိုးတွေဖြစ်တတ်ပါတယ်။ ပြဿနာကိုအဖြေရှာကြည့်ပါပြီးရင်လက်ခံပါဒီလိုဆိုရင် ကိုယ့်အတွက်တစ်ခုခုတော့ကျန်ခဲ့မှာအမှန်ပါ။

Kelly - Akhayar Lifestyle

Photo Credit - Free Pik