အလုပ်ထဲမှာ Promotion ရအောင် တိုက်ပွဲဘယ်လိုဝင်ရမလဲ

အလုပ်ထဲမှာ Promotion ရအောင် တိုက်ပွဲဘယ်လိုဝင်ရမလဲ

Promotion လို့ အသံကြားလိုက်ရင် လူတိုင်းရင်ခုန်ပါတယ်။ ကိုယ်ကြိုက်တဲ့ပစ္စည်းလေးပဲဖြစ်ဖြစ်၊ စားသောက်ဆိုင် တစ်ဆိုင်မှာပဲဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် ရင်ခုန်ကြတာပါပဲ။ အလုပ်ထဲမှာ Promotion ရဖို့အတွက်ဆို အကြိုက်ဆုံးဖြစ်မှာပါ။ ဒါပေမယ့် ဝန်ထမ်းအများစုဟာ Promotion ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မသိပါဘူး။ တချို့ကျတော့လည်း Promotion ရနိုင်ရဲ့သားနဲ့ တောင်းဆိုဖို့ မေ့နေကြတာ များပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေမှာ Promotion တောင်းသင့်လဲ။ Promotion ရအောင် ဘယ်လိုတောင်းရမလဲ။ ဒါက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတိုင်း သိထားသင့်ပါတယ်။


ကိုယ့်အခြေအနေ ကိုယ်သိပါ

Promotion လိုချင်ပြီ။ တောင်းဖို့ စဉ်းစားနေပြီဆိုရင် ကိုယ့်ရဲ့အခြေအနေကို ကိုယ်သိဖို့ လိုအပ်ပါတယ်။ ကိုယ်က အလုပ်စလုပ်ကတည်းက ကုမ္ပဏီကို ဘယ်လောက်အကျိုးဖြစ်ထွန်းစေခဲ့ပြီးပြီလဲ။ ဘယ်လောက်ကူညီခဲ့ပြီးပြီလဲ။ ကိုယ်ရသင့်ရထိုက်တဲ့လစာထက် ကျော်လွန်တဲ့ အလုပ်တာဝန်တွေကို လုပ်နေရပြီလား။ ကိုယ့်ကြောင့် လုပ်ငန်းတစ်ခုဟာ မထင်မှတ်ထားလောက်တဲ့ အခွင့်အလမ်းတွေနဲ့ အောင်မြင်တိုးတက်မှုတွေ ရနေပြီလား။ ဒီမေးခွန်းတွေ အားလုံးဟာ “Yes” ဖြစ်နေတယ်ဆိုရင်တော့ Promotion တောင်းကို တောင်းရပါတော့မယ်။ ကိုယ်ဟာ လက်ရှိနေရာထက် နောက်ထပ် အရေးပါတဲ့အဆင့်တစ်ဆင့်မှာ ရှိနေသင့်ပါပြီ။

ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို မှတ်ထားပါ

တချို့က တိုးတက်နေတာတော့ ဟုတ်တယ်။ ဒါပေမယ့် Promotion တောင်းမယ်လို့ စဉ်းစားပြီးရင် ဘယ်တုန်းက ဘယ်လိုအောင်မြင်မှုတွေရှိခဲ့သလဲ။ ဘယ်လို ထူးထူးချွန်ချွန်စွမ်းဆောင်နိုင်ခဲ့သလဲဆိုတာတွေကို မမှတ်ထားမိလို့ ရေရေရာရာ၊ တိတိကျကျ ပြန်မပြောပြနိုင်တာမျိုးတွေ ရှိပါတယ်။ ရှေရှည်အလုပ်လုပ်ကိုင်ဖို့ စဉ်းစားထားရင် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေအားလုံးကို အသေအချာမှတ်ထားပါ။ Promotion တောင်းတဲ့အချိန်ကျရင် တိကျသေချာတဲ့သက်သေသာဓကတွေအဖြစ် ပြန်လည်တင်ပြနိုင်ဖို့ ကြိုးစားပါ။


ရာထူးနဲ့ လစာကို ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပါ

Promotion တောင်းပြီဆိုရင် ကိုယ့်ရဲ့ ဌာနမှာ ကိုယ်က ဘယ်လိုနေရာမျိုးမှာ၊ နောက်ပြီး ဘယ်လောက်လစာနဲ့ ရှိနေသင့်လဲဆိုတာကို ကိုယ့်ဘက်က ပြောပြနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ ထားရာနေ၊ ပေးရာယူ၊ စေရာသွားဆိုတာ ဒီဘက်ခေတ်မှ ဒိတ်အောက်နေပါပြီ။ ကိုယ့်ဘက်က တရားမျှတမှုလည်း ရှိရမယ်။ ထိုက်တန်မှုလည်းရှိတဲ့ ရာထူးနဲ့ လစာကို ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြီး သက်သေသာဓကအစုံအလင်နဲ့ အထက်လူကြီးကို တင်ပြတောင်းခံတာဟာ သင့်ကို ယုံကြည်မှုလည်း ရှိစေသလို Promotion ရဖို့လည်း ပိုပြီး နီးစပ်ပါတယ်။


ဆက်လက်ပြီး လုပ်ဆောင်နိုင်စွမ်းတွေကို ကတိပေးပါ

တစ်ခုလိုချင်ရင် တစ်ခုပေးရမှာ ဓမ္မတာပါပဲ။ ကမ္ဘာလောကကြီးဟာ “Give and Take” နဲ့ တည်ဆောက်ထားတာနော်။ Promotion တော့ လိုချင်ပါရဲ့။ ကိုယ့်ဘက်က ထပ်ပြီး ဘာတွေလုပ်ပေးနိုင်မှာလဲဆိုတာကို မပြောပြနိုင်ရင်လည်း အလကားပါပဲ။ ဒါ့ကြောင့် Promotion လိုချင်တဲ့သူတိုင်းဟာ ကိုယ့်ကိုယ် မျှော်လင့်တဲ့ရာထူးနဲ့ လစာပေးလိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ပိုမိုတိုးတက်အောင်မြင်လာအောင် အခုထက်ပိုပြီး ဘယ်လိုလုပ်ငန်းတာဝန်တွေကို တာဝန်ယူလုပ်ဆောင်ဖြေရှင်းပေးနိုင်လဲဆိုတာကိုပါ ချပြနိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။


ဘယ်လိုတောင်းမလဲ လေ့ကျင့်ပါ

ကုမ္ပဏီတစ်ခုချင်းဆီမှာ သူတို့အကြိုက်ပုံစံအမျိုးမျိုးရှိပါတယ်။ တချို့ကုမ္ပဏီတွေဟာ အနည်းဆုံး တစ်နှစ်လုပ်ပြီးမှ Promotion ပေးနိုင်တယ်ဆိုတာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ဘယ်လိုအချိန်၊ ဘယ်လိုနေရာ၊ ဘယ်လိုအနေအထားမျိုးမှာ စကားကို ဘယ်လိုပြောပြီး Promotion တောင်းမလဲဆိုတာ ကြိုတင်လေ့ကျင့်ပါ။ တကယ်ပြောတာပါ။ တကယ် Promotion တောင်းတတ်ပြီး လုပ်ငန်းကျွမ်းကျင်ပါးနပ်သူတွေဟာ ကိုယ့်ရဲ့ အထက်လူကြီးက ဘယ်လိုပုံစံကို နှစ်သက်လဲဆိုတာကိုပါ ထည့်တွက်ပြီး စကားလုံးတွေကိုပါ နှစ်လိုဖွယ်ဖြစ်အောင် အကြိုက်ဆောင်ရွေးချယ်တတ်ပါတယ်။ ဒီလို အသေးစိတ်လေ့ကျင့်စီစဉ်တတ်တဲ့သူတွေဟာ Promotion ခဏခဏရနေတာ မထူးဆန်းပါဘူး။


မှန်ကန်တဲ့အချိန်အခါ ဖြစ်ပါစေ

ဘယ်လောက်ပဲ တော်နေတတ်နေပါစေ။ တစ်ခါတလေ အချိန်ရွေးမှားလို့ Promotion မရဘဲ အဆူခံလိုက်ရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ သက်ဆိုင်ရာအထက်လူကြီး စိတ်ကြည်နေလား၊ ပျော်ရွှင်နေလား၊ ဒါမှမဟုတ် စိတ်ညစ်နေလား၊ ဘာလား အခြေအနေကြည့်ဦးပေါ့။ ကုမ္ပဏီက မတိုးတက်လို့ သူဌေးကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ Promotion သွားတောင်းတော့ ဘာမှထူးလာမှာမဟုတ်ပါဘူး။ အဲဒီ့အစာရာထူးနဲ့ လစာကြီးတဲ့ တခြားအလုပ်တစ်ခုခုကို ပြောင်းရွှေ့လုပ်ကိုင်လိုက်တာမှ အဆင်ပြေပါဦးမယ်။ ဒီတော့ ဘယ်အချိန်ဟာ ကိုယ့်အတွက် အောင်မြင်နိုင်မလဲ အရိပ်အခြေကြည့်ပါ။


ဒီတော့ အလုပ်ထဲမှာ ရာထူးတိုး၊ လစာတိုးဖို့ ဘယ်လိုတွေ အကွက်ရွှေ့ရမလဲ သိသွားကြပြီဟုတ်။ တစ်ခါတလေ ကိုယ်က ဘယ်လောက်ပဲ ပြည့်စုံနေပါစေ အကြောင်းအမျိုးမျိုးနဲ့ အငြင်းခံရတာမျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ကုမ္ပဏီဘက်က ပေးတဲ့အကြောင်းပြချက်က ခိုင်လုံပြီး ကိုယ့်အတွက်လည်း လက်ခံနိုင်တယ်ဆိုရင် အချိန်တစ်ခုကို ဆက်လက်စောင့်ဆိုင်းချင်ရင် စောင့်ဆိုင်းနိုင်သလိုပဲ တစ်ခါတလေ ညစ်ပြီး အကြောင်းပြချက်ပေးတာမျိုးတွေဆိုရင်တော့ ကိုယ့်ဘက်က ပြတ်သားစွာနဲ့ Promotion မပေးနိုင်ဘူးဆိုရင် ဆက်ပြီးလုပ်ကိုင်ဖို့ အဆင်မပြေကြောင်း ပြောပြနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က အလုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်လို့ ခံစားချက်နဲ့ လုပ်ငန်းရေးရာကိုတော့ မရောထွေးမိဖို့ လိုအပ်ပါတယ်နော်။ အခရာပရိသတ်တွေအားလုံးပဲ ရာထူးတိုး၊ လစာတိုးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(Photo Credit)

Moethaesay (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle