“Activities” လို့ခေါ်တဲ့ System-level Features တစ်ခု PS5 မှာ ပါဝင်လာနိုင်ဖွယ်ရှိ

“Activities” လို့ခေါ်တဲ့ System-level Features တစ်ခု PS5 မှာ ပါဝင်လာနိုင်ဖွယ်ရှိ

အသစ်ထွက်လာမယ့် PS5 Console တွေမှာ ဆော့ကစားမယ့်သူတွေဟာ Game Loading တွေစောင့်စရာမလိုဘဲ တိုက်ရိုက်ဝင်ရောက်ကစားနိုင်မယ့် Feature အသစ်တစ်မျိုးပါဝင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ “Activities” လို့ခေါ်တဲ့ ဒီ Feature ကို Media Preview တစ်ခုရဲ့ သတင်းပေါက်ကြားချက်အရ  သိရှိထားရပါတယ်။

Gamereactor ရဲ့ WRC 9 ဂိမ်းကိုဆော့ပြီး Preview ထုတ်ပြန်ချက်ထဲမှာ ဒီကားပြိုင်တဲ့ဂိမ်းထဲထဲမှာ PS5 နဲ့ဆော့မယ်ဆို Deeplink ချိတ်ဆက်ထားတဲ့ “Activities” Feature နဲ့ PS5 Menu ကနေ ပွဲတွေကို တိုက်ရိုက်ဆော့ကစားနိုင်မယ်လို့ဆိုပါတယ်။ Gamereactor ဟာ ဒီထုတ်ပြန်ချက်ကို ခဏအတွင်းမှာ ပြန်လည်ရုပ်သိမ်းသွားပေမယ့် ဂျပန်ဗီဒီယိုဂိမ်းသတင်းထောက်ဖြစ်တဲ့ Gematsu ကတော့ Screen grab အရယူနိုင်ခဲ့ပါတယ်။

ခန့်မှန်းကြည့်ရသလောက်ကတော့ Activities ဆိုတဲ့ Features ဟာ ဂိမ်းရဲ့ အချို့အပိုင်းတွေကို Loading မတက်ဘဲ တိုက်ရိုက်ဝင်ရောက်ဆော့ကစားနိုင်မယ့် ပုံစံမျိုးဖြစ်ပါလိမ့်မယ်။ ဥပမာပြောရမယ်ဆိုရင်တော့ Call of Duty ရဲ့ Search and Destroy ပွဲတွေကို Activities Menu ကနေ တိုက်ရိုက်ဝင်ဆော့နိုင်တာ၊ Uncharted ရဲ့ အချို့ Chapter တွေကို Game ကိုအစကနေ Loading မတက်ဘဲ တိုက်ရိုက်ဆော့နိုင်တာ စတာတွေ ပြုလုပ်နိုင်တာမျိုး ဖြစ်ပါတယ်။ ဘယ်လိုမျိုး Activities Feature ကို အသုံးပြုလာနိုင်မလဲဆိုတာကတော့ Game Developer အပေါ်ပဲမူတည်ပါတယ်။

Sony ရဲ့ အသစ်ထွက်ရှိလာတော့မယ့် PS5 မှာ ပါဝင်လာမယ့် Features အသစ်တွေနဲ့ Specification အတိအကျကိုတော့ ဘာမှ Confirm ထားတာမျိုးမရှိသေးပါဘူး။ PS4 မှာတော့ နောက်ဆုံး Exclusive အနေနဲ့ Ghost of Tsushima ထွက်ရှိထားပါတယ်။ PS4 ခေတ်ပြီးဆုံးသွားတဲ့အခါမှာတော့ PS5 ကကော ဘယ်လိုမျိုးထွက်လာဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Reference: Destructoid

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle