PS5 Consoles တွေကို ၁၀ သန်းကျော်အထိထုတ်လုပ်ပေးသွားမယ့် Sony

PS5 Consoles တွေကို ၁၀ သန်းကျော်အထိထုတ်လုပ်ပေးသွားမယ့် Sony

 Sony ဟာ PlayStation 5 Console တွေကို ၂၀၂၀ ခုနှစ်အတွင်းမှာပဲ ၁၀ သန်းကျော်အထိ ထုတ်လုပ်သွားမယ်လို့ သိရှိရပါတယ်။ အစပိုင်းမှာတော့ မတ်လ ၂၀၂၁ အကုန်ပိုင်းလောက်ထိ PS5 Console စက်တွေကို ၅ သန်းကျော်လောက်ပဲ ထုတ်လုပ်တော့မယ်လို့ အစီအစဥ်ချထားခဲ့ပေမယ့် Global Pandemic ကြောင့် ဝယ်လိုအားများနိုင်တာမို့ အခုလို တိုးမြှင့်ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒီလို ထုတ်လုပ်ရေးပိုင်းကို တိုးမြှင့်ထားပေမယ့်လည်း ၂၀၂၀ အတွင်းမှာတော့ Console ၁၀ သန်းလုံး Store ဆိုင်တွေပေါ်ရောက်လာမှာ မဟုတ်ပါဘူး။ ထောက်ပံ့ပို့ဆောင်ရေးပိုင်းတွေ ကြားထဲမှာ ကြန့်ကြာမှုတွေရှိနိုင်တာကြောင့် ၂၀၂၁ လောက်ထိမှပဲ အားလုံးကိုဖြန့်ချိနိုင်မယ်လို့ သိရပါတယ်။

အဓိကကြန့်ကြာနိုင်တဲ့အကြောင်းအရင်းကတော့ သင်္ဘောနဲ့ ကုန်တွေသယ်ယူပို့ဆောင်တဲ့အခါမှာ အကန့်အသတ်တစ်ချို့ ရှိနေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ Sony ရဲ့ Console အတော်များများကို တရုတ်ပြည်ကနေ ထုတ်လုပ်ပြီး ပင်လယ်ကနေ ဖြန့်ချိရတာကြောင့် အခက်အခဲတွေရှိနေတာပါ။

Sony အနေနဲ့ Console တွေအပြင် Playstation 5 Dualsense Controller တွေကိုလည်း ပိုပြီးထုတ်လုပ်ပေးသွားမယ်လို့လည်းသိရှိထားရပါတယ်။ အစပိုင်းအစီအစဥ်ချထားတာကတော့ ၁၀ သန်းလောက်အထိထုတ်လုပ်မယ်ဆိုပေမယ့် လက်ရှိမှာတော့ ဒီထက်နှစ်ဆခန့်လောက် ပိုပြီးထုတ်လုပ်နိုင်ပါတယ်။

Ref: IGN, Bloomberg

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle