Team Aster Dota 2 အသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူသွားမှာဖြစ်တဲ့ နာမည်ကျော် နည်းပြကြီး QQQ

Team Aster Dota 2 အသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူသွားမှာဖြစ်တဲ့ နာမည်ကျော် နည်းပြကြီး QQQ

Yao “QQQ” Yi ဆိုတာကတော့ PSG. LGD Dota 2 အသင်းကို အောင်မြင်မှု‌ပေါင်းများစွာ စွတ်ခူးနိုင်အောင် ထိန်းကျောင်းပေးနိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား နာမည်ကျော် နည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။ QQQ အနေနဲ့ The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်မှာ Dota 2 နည်းပြဘဝကနေ အနားယူသွားခဲ့ပါတယ်။

QQQ

Dota 2 လောကနေ (၆) ခန့် ပျောက်ကွယ်သွားခဲ့ပြီးတဲ့ အခါမှာတော့ QQ တစ်ယောက် Team Aster ရဲ့ နည်းပြရာထူးနဲ့အတူ Dota 2 လောက အထဲကို နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ QQQ ကို ခေါ်ယူလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး Team Aster ဘက်ကတော့ အခုလိုပဲ ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Team Aster Dota 2 အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ Tong “Mikasa” Junjie တစ်ယောက် အသင်းရဲ့ နည်းပြရာထူးကနေ ဇန်နဝါရီ လကုန်ပိုင်းမှာ နှုတ်ဆက် ထွက်ခွာသွားခဲ့ပြီ ဖြစ်တာကြောင့် အခုလို Yao “QQQ” Yi ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ရတာ ဖြစ်ပါတယ်။ QQQ အနေနဲ့ ပရိုဖက်ရှင်နယ် Dota ကစားသမား ဘဝကတည်းက အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့သလို နည်းပြဘဝနဲ့လည်း ချန်ပီယံဆုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

QQQ

ဒါကြောင့် QQQ အနေနဲ့ ကျွန်တော်တို့ Team Aster Dota 2 အသင်း အတွက် အောင်မြင်မှုတွေကို ဖော်ဆောင် သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။ QQQ ကို ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပေမယ့်လည်း တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိပြီး ခရီးသွားလာခွင့်တွေ ပိတ်ပင်ခံရတာကြောင့် QQQ တစ်ယောက် အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိခင် အချိန်အထိ Team Sirius Dota 2 အသင်းရဲ့ နည်းပြဖြစ်သူ LaNm အနေနဲ့ Team Aster Dota 2 အသင်းရဲ့ နည်းပြ တာဝန်ကို ခေတ္တ ထမ်းဆောင်ပေးသွားမှာ ဖြစ်ပါတယ်။”

Team Aster

Team Aster အနေနဲ့ လက်ရှိအချိန်မှာ DPC ဇယားရဲ့ အဆင့် (၁၁) နေရာမှာ ရပ်တည်နေသလို MDL Chengdu Major, DreamLeague Season 13 Leipzig Major တို့မှာ ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် QQQ ကို ခေါ်ယူလိုက်နိုင်ခြင်းက အသင်းအတွက် ကောင်းကျိုးဖြစ်စေမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle