Carry ကစားသမား အဖြစ် ပြောင်းလဲ မြင်တွေ့ရတော့မယ့် PSG.LGD Dota2 အသင်းရဲ့ Offlane ကစားသမား Chalice

Carry ကစားသမား အဖြစ် ပြောင်းလဲ မြင်တွေ့ရတော့မယ့် PSG.LGD Dota2 အသင်းရဲ့ Offlane ကစားသမား Chalice

The International 2018 ပြိုင်ပွဲကြီးမှာ ဒုတိယ၊ The International 2019 ပြိုင်ပွဲမှာ တတိယစတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ အပြင် Major ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ PSG.LGD Dota2 အသင်း အနေနဲ့ 2019-2020 DPC ရာသီမှာတော့ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Somnus, Chalice and Ame

ကျရှုံးမှုတွေကို ရပ်တန့်နိုင်ဖို့ အတွက် PSG.LGD Dota2 အသင်း အနေနဲ့ 2019-2020 DPC ရာသီအတွင်းမှာ Carry Position အတွက် ကစားသမား အပြောင်းအလဲတွေ မကြာခဏဆိုသလို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း PSG.LGD Dota 2 အသင်း အနေနဲ့ အောင်မြင်မှုတွေ ပြန်လည် ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိတာကြောင့် အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Chalice ကို Carry ကစားသမား အဖြစ် ပြောင်းလဲ အသုံးပြုဖို့ ကြံစည်ခဲ့ရတာ ဖြစ်ပါတယ်။

Chalice

Chalice အနေနဲ့ PSG.LGD Dota2 အသင်းကို မရောက်ရှိခင် အချိန်က Carry ကစားသမား အဖြစ် ကစားခဲ့ဖူးသလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း PSG.LGD Dota2 အသင်းကို ရောက်ရှိခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြီး Offlane Position တစ်မျိုးတည်းမှာသာ စွဲစွဲမြဲမြဲ ကစားခဲ့ပါတယ်။

အခုလို Chalice ကို Carry ကစားသမား အဖြစ် ပြောင်းလဲ တာဝန်ခဲ့ပေးတာကြောင့် PSG.LGD Dota2 အသင်း အနေနဲ့ လစ်လပ်သွားတဲ့ Offlane နေရာအတွက် ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူခဲ့ရပါတယ်။ PSG.LGD Dota2 အသင်းရဲ့ Offlane Position မှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးလည်းဖြစ်၊ တရုတ် Dota2 လောကရဲ့ အတွေ့အကြုံရှိ ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Ren “old eLeVeN” Yangwei ပဲ ဖြစ်ပါတယ်။

Chalice

Old Eleven အနေနဲ့ Ehome Dota2 အသင်းနဲ့အတူ အောင်မြင်မှု အချို့ကို သိမ်းပိုက်နိုင်ခဲ့သလို တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Dota2 အသင်းတွေဖြစ်တဲ့ Keen Gaming, Vici Gaming တို့မှာလည်း ဝင်ရောက် ကစားခဲ့ဖူးတာကြောင့် PSG.LGD Dota2 အသင်းမှာ အလွယ်တကူပဲ အသားကျသွားလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

လက်ရှိအချိန်မှာ PSG.LGD Dota2 အသင်း အနေနဲ့ WeSave! Charity Play China Division မှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် Position အပြောင်းအလဲတွေ ပြုလုပ်ထားတဲ့ PSG.LGD Dota2 အသင်း ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ ဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်း ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

Old Eleven

PSG.LGD Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Yang “Chalice” Shenyi – Pos 1
  • Lu “Somnus/ Maybe” Yao – Pos 2
  • Ren “Old Eleven” Yangwei – Pos 3
  • Xu “fy” Linsen – Pos 4
  • Jian Wei “xNova” Yap – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle