တရုတ် Dota2 အပြောင်းအရွေ့ ရာသီအပြီး ပထမဆုံး ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ PSG.LGD

တရုတ် Dota2 အပြောင်းအရွေ့ ရာသီအပြီး ပထမဆုံး ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ PSG.LGD

တရုတ် Dota2 အပြောင်းအရွေ့ ရာသီအပြီး ပထမဆုံး ပြိုင်ပွဲအဖြစ် ကျင်းပခဲ့တဲ့ China Dota 2 Pro Cup Season 1 ကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ China Dota2 Pro Cup Season 1 ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေနဲ့ Playoffs အဆင့် ပွဲစဉ်အများစုကို Online Format ဖြင့် ယှဉ်ပြိုင်စေခဲ့ ဖြစ်ပေမယ့် Playoffs အဆင့် နောက်ဆုံး ပွဲစဉ်များကိုတော့ LAN ပြိုင်ပွဲ အဖြစ် ၃ ရက်တိုင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ အပြောင်းအရွေ့ ကြီးကြီးမားမား ပြုလုပ်ထားတဲ့ PSG.LGD, EHome, Vici Gaming, Team Aster တို့ အပါအဝင် Dota2 အသင်းပေါင်း ၁၀ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အသင်း (၁၀) သင်းကို အုပ်စု နှစ်စု ခွဲခြား သတ်မှတ်ကာ ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး Vici Gaming, Phoenix Gaming, EHome, PSG.LGD, LBZS, RNG စတဲ့ အသင်းတွေကတော့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အုပ်စုအဆင့် ပွဲစဉ်တွေမှာ (၃) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ်ဖြင့် Playoff အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ PSG.LGD ဟာ ရှုံးထွက်အဆင့် ပထမဆုံး ပွဲစဉ်မှာ ယခင် PSG.LGD Dota2 အသင်းသားဟောင်းများနဲ့ Sccc တို့ ပါဝင်တဲ့ Ehome ကို နှစ်ပွဲပြတ်၊ Semifinals အဆင့်မှာ RNG ကို နှစ်ပွဲပြတ်၊ Winner’s Bracket Final အဆင့် Vici Gaming ကို နှစ်ပွဲပြတ်စတဲ့ ရလဒ်တွေဖြင့် အပြတ်အသတ် အနိုင်ယူပြီး Grand Finals အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

PSG.LGD ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းပေးခဲ့ရပေမယ့် Ehome Dota2 အသင်းဟာ အလွယ်တကူ အရှုံးပေးခဲ့ခြင်း မရှိဘဲ LBZS ကို နှစ်ပွဲပြတ်၊ Phoenix Gaming ကို (၂-၁) ၊ Vici Gaming ကို (၂-၀) စတဲ့ ရလဒ်တွေဖြင့် ပြန်လည် အနိုင်ယူပြီး Grand Final မှာ စောင့်ဆိုင်းနေတဲ့ PSG.LGD နဲ့ ပြန်လည် ယှဉ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

China Dota2 Pro Season 1 ပြိုင်ပွဲရဲ့ Grand Finals ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး PSG.LGD အနေနဲ့ EHOME ကို (၃) ပွဲပြတ်ဖြင့် အနိုင်ယူခြင်းနဲ့အတူ အပြောင်းအရွေ့ ရာသီအပြီး ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့ China Dota2 Pro Season 1 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် စွတ်ခူးကာ ဆုကြေးငွေ ကန်ဒေါ်လာ ၄ သောင်းကိုလည်း ရယူနိုင်ခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle