2019-2020 DPC ရာသီမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး ဖွင့်ဟပြောကြားလာခဲ့တဲ့ PSG.LGD

2019-2020 DPC ရာသီမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး ဖွင့်ဟပြောကြားလာခဲ့တဲ့ PSG.LGD

PSG.LGD ဆိုတာကတော့ တရုတ် Dota2 လောကရဲ့ အအောင်မြင်ဆုံး Dota2 အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင်ဖြစ်သလို Dota2 ပြိုင်ပွဲအများစုမှာလည်း ထိပ်ဆုံး သုံးသင်းနေရာ ဝင်ရောက်နိုင်တဲ့ အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း 2019-2020 DPC ရာသီမှာ PSG.LGD Dota2 အသင်း အနေနဲ့ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို Open Qualifier အဆင့်နဲ့တင် ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Chalice ကို Carry Position မှာ ပြောင်းလဲ ကစားစေခဲ့ပြီး Eleven ကို Offlane နေရာ အတွက် ခေါ်ယူပြီး နောက်ပိုင်းမှာ PSG.LGD ရဲ့ ကစားဟန်တွေ ပြန်လည် ကောင်းမွန်လာခဲ့သလို နိုင်ပွဲတွေကိုလည်း ပြန်လည် ရှာဖွေတွေ့ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တစ်ခုမှာ PSG.LGD Dota2 အသင်း အနေနဲ့ 2019-2020 DPC ရာသီအစပိုင်းမှာ ကျရှုံးမှုတွေနဲ့ ဘာကြောင့် ရင်ဆိုင်ခဲ့ရတယ် ဆိုတာကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Chalice

“ကျွန်တော်တို့ အသင်း အနေနဲ့ Dota2 Update အသစ် အပေါ် ကောင်းမွန်စွာ နားလည်ခြင်း မရှိခဲ့သလို Update နဲ့ လိုက်ဖက်ညီတဲ့ ကစားဟန်ကိုလည်း ရှာဖွေ တွေ့ရှိခြင်း မရှိခဲ့တာကြောင့် အခုလို ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာလို့ ထင်မြင်မိပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကစားသမားတွေ အကြားမှာလည်း ပြဿနာလေးတွေ ရှိနေတာကြောင့် ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရပါတယ်။

နောက်ဆုံး အကြိမ် ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ပြီး နောက်ပိုင်းမှာ အသင်းရဲ့ ကစားဟန် ပြန်လည် ကောင်းမွန်လာခဲ့သလို အသင်းသားတွေ အကြား ယုံကြည်မှုလည်း ပြန်လည် မြင့်တက်လာခဲ့ပြီ ဖြစ်တာကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုတွေကို ပြန်လည် စွတ်ခူးနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

Old Eleven

ဒါ့အပြင် PSG.LGD Dota2 အသင်း အနေနဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် DPC ပြိုင်ပွဲတွေ ရပ်နားရခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့တွေ တကယ်ကို စိတ်ပူမိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျင်းပပြီးစီးသွားခဲ့တဲ့ DPC ပြိုင်ပွဲတွေမှာ ကျွန်တော်တို့ အသင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိသလို ကျန်ရှိနေတဲ့ ပြိုင်ပွဲတွေကိုလည်း ဘယ်အချိန်မှ ပြန်လည် ကျင်းပသွားမယ် ဆိုတာကို သိရှိရခြင်း မရှိသေးတာကြောင့် TI ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရမှာကို တကယ်ကို စိတ်ပူမိပါတယ်။ ဒါပေမယ့်လည်း DPC ပြိုင်ပွဲတွေ ပြန်လည် ကျင်းပသွားတဲ့ အခါမှာတော့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle