2020 ခုနှစ်အတွင်း ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲများအတွက် ဒေါ်လာ (၅) သန်း အသုံးပြုသွားမယ့် Tencent Gaming

2020 ခုနှစ်အတွင်း ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲများအတွက် ဒေါ်လာ (၅) သန်း အသုံးပြုသွားမယ့် Tencent Gaming

Tencent Gaming အနေနဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ PUBG Mobile ပြိုင်ပွဲတွေကို အာရှဒေသတွင်း နိုင်ငံအများစုမှာ ကျင်းပပေးခဲ့သလို မကြာသေးမီ အချိန်ကလည်း PUBG Mobile Club Open (PMCO) 2019 Fall Split Global Finals ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပခဲ့ပါသေးတယ်။ အဆိုပါ ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ PUBG Mobile Esports ရဲ့ ဒါရိုက်တာဖြစ်သူ James Yang အနေနဲ့ နောက်နှစ်အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲများနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

James Yang ရဲ့ ထုတ်ပြန်ကြေငြာချက်များအရ နောက်နှစ်အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲများကို Amateur, Semi-Pro, Professional အဖြစ် အဆင့် သုံးဆင့် ခွဲခြားသတ်မှတ်ပြီး ယှဥ်ပြိုင်ခိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Amateur ပြိုင်ပွဲများကို Campus Championships ပြိုင်ပွဲများ အဖြစ် အမည် ပြောင်းလဲ သတ်မှတ်ကာ ယှဥ်ပြိုင်ခိုင်းသွားမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွေမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းတွေ အနေနဲ့ Semi-Pro, Professional PUBG Mobile အသင်းတွေ ပါဝင်မယ့် PMCO နဲ့ Pro League ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံအဆင့် PMCO ပြိုင်ပွဲတွေ၊ Pro League ပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ အသင်းတွေ အနေနဲ့ Regional Pro League ပြိုင်ပွဲများမှာ ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ Regional Pro League ပြိုင်ပွဲဆိုတာကတော့ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက်တို့မှာ ကျင်းပသွားမယ့် ဒေသတွင်း ပြိုင်ပွဲများပဲ ဖြစ်ပါတယ်။

ဒေသတွင်း ပြိုင်ပွဲတွေမှာ (Regional Pro League) အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းတွေကတော့ ကမ္ဘာ့အဆင့် ပြိုင်ပွဲ (World League) မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ World League မှာ ထိပ်သီးအဆင့် ဝင်ရောက်ခဲ့တဲ့ အသင်းတွေ အနေနဲ့ ကမ္ဘာ့ချန်ပီယံရှစ် (World Championship) ပြိုင်ပွဲကြီးမှာ တိုက်ရိုက် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Tencent ရဲ့ ထုတ်ပြန်ကြေငြာချက်များအရ လာမယ့်နှစ်အတွင်းမှာ ကျင်းပသွားမယ့် ပြိုင်ပွဲအားလုံးအတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သန်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ PUBG Mobile အနေနဲ့ လက်ရှိအချိန်မှာ Download ဆွဲသူဦးရေ အများဆုံး ဂိမ်းတွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း Tencent အနေနဲ့ မကျေနပ်နိုင်သေးတဲ့ ပုံပါပဲ။

အခုလို နည်းစနစ်ကျတဲ့ ပြိုင်ပွဲ စီစဥ်မှုတွေ၊ စွဲမက်ဖွယ်ကောင်းတဲ့ ဆုကြေးငွေတွေနဲ့ ၂၀၂၀ ခုနှစ်ကို ဖြတ်သန်းသွားမယ့် PUBG Mobile အနေနဲ့ Esports လောကမှာ အအောင်မြင်ဆုံး Mobile ဂိမ်းအဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AFKGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle