၂၀၂၁ ခုနှစ်အတွင်း ကျင်းပသွားမယ့် ပြိုင်ပွဲများအတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၄ သန်း အသုံးပြုသွားမယ့် PUBG Mobile

၂၀၂၁ ခုနှစ်အတွင်း ကျင်းပသွားမယ့် ပြိုင်ပွဲများအတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၄ သန်း အသုံးပြုသွားမယ့် PUBG Mobile

PUBG Mobile Global Esports ရဲ့ ဒါရိုက်တာဖြစ်သူ James Yang အနေနဲ့ PUBG Mobile Global Championship ပြိုင်ပွဲ ပထမနေ့မှာ ၂၀၂၁ ခုနှစ် ကျင်းပ ပြုလုပ်သွားမယ့် PUBG Mobile ပြိုင်ပွဲများအတွက် အသုံးပြုသွားမယ့် စုစုပေါင်း ဆုကြေးငွေကို တရားဝင် ကြေညာသွားခဲ့ပါတယ်။ James Yang ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်မှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲများအတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၄ သန်းခန့် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ PMCO, PMPL ပြိုင်ပွဲများကို နှစ်ကြိမ် ကျင်းပသွားမှာဖြစ်ပြီး PMCO, PMPL ပထမရာသီဝက် ပြိုင်ပွဲတွေ ပြီးဆုံးချိန်မှာ Summer Invitationals ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ကာ PMCO, PMPL ဒုတိယရာသီဝက် ပြိုင်ပွဲတွေ ပြီးဆုံးသွားချိန်မှာတော့ PMGC ပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခင်နှစ်တွေတုန်းက ပြိုင်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့တဲ့ ဒေသအချို့မှာလဲ PUBG Mobile ပြိုင်ပွဲများကို ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Yang ရဲ့အဆိုအရ ၂၀၂၁ ခုနှစ် PMCO Spring Split ပြိုင်ပွဲများ အတွက် Registration ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ PUBG Mobile ပြိုင်ပွဲများ အတွက် စုစုပေါင်း ဆုကြေးငွေ အဖြစ် ဒေါ်လာ ၅ သန်းခန့်သာ အသုံးပြုခဲ့တာကြောင့် ၂၀၂၁ ခုနှစ် အတွက် လျာထားဆုကြေးငွေဟာ သုံးဆခန့် မြင့်တက်သွားခဲ့ပြီ ဖြစ်သလို PUBG Mobile ကစားသမားများ အတွက်တော့ ယခုသတင်းက တကယ်ကို သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle