၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေ ကန်ဒေါ်လာ ၂.၆ ဘီလီယံအထိ ရှာဖွေနိုင်ခဲ့တဲ့ PUBG Mobile

၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေ ကန်ဒေါ်လာ ၂.၆ ဘီလီယံအထိ ရှာဖွေနိုင်ခဲ့တဲ့ PUBG Mobile

နာမည်ကျော် Battle Royale အမျိုးအစား Mobile Game တစ်ခုဖြစ်တဲ့ PUBG Mobile ကတော့ ၂၀၂၀ ခုနှစ် အတွင်းမှာ ကန်ဒေါ်လာ ၂.၆ ဘီယီယံခန့် ဝင်ငွေ ရရှိခဲ့တယ်လို့ Sensor Tower ရဲ့ အဆိုအရ သိရပါတယ်။ ဒါ့အပြင် PUBG Mobile ရဲ့ ၂၀၂၀ ခုနှစ် ဝင်ငွေဟာ ၂၀၁၉ ခုနှစ် အတွင်းမှာ ရရှိခဲ့တဲ့ ဝင်ငွေထက် ၆၄.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ဒုတိယ ဝင်ငွေ အများဆုံး ရရှိခဲ့တဲ့ Mobile Game ကတော့ Tencent ရဲ့ နာမည်ကျော် MOBA ဂိမ်း တစ်ခုဖြစ်တဲ့ Honor of Kings ပဲဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေ ၂.၅ ဘီယီံယံ ရရှိခဲ့သလို ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဝင်ငွေ ရာခိုင်နှုန်း ၄၂.၈ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ Niantic ရဲ့ Pokemon Go မှ ရပ်တည်လျက် ရှိနေပြီး ၂၀၂၀ ခုနှစ် အတွင်း ဝင်ငွေ ၁.၂ ဘီယီယံခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။ စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာတော့ Coin Master နဲ့ Roblox တို့မှ အသီးအသီး ရပ်တည်လျက် ရှိနေပြီး ၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေ ၁.၁ ဘီယီံယံခန့် ရရှိခဲ့တယ်လို့ Sensor Tower ရဲ့ အဆိုအရ သိရပါတယ်။

PUBG Mobile ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံအတွင်း ကစားခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့် ကစားသမားဦးရေ အတော်လေး ထိုးဆင်းသွားခဲ့ပေမယ့် ဝင်ငွေ ရရှိမှု အပိုင်းမှာတော့ ကျဆင်းသွားခြင်း မရှိတဲ့ အပြင် အတော်လေးကို ထိုးတက်လို့ လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်င PUBG Mobile ဟာ စတင် ထွက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်ပြီး တစ်နှစ်ထက် တစ်နှစ် ဝင်ငွေ ရရှိမှု အပိုင်းမှာလည်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ PUBG Mobile လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ PPUBG Mobile Global Championship ပြိုင်ပွဲကြီးကို ကျင်းပလျက် ရှိနေပြီး စုစုပေါင်း ဆုကြေးငွေ အဖြစ် ကန်ဒေါ်လာ ၂ သန်း ပေးအပ်သွားမှာ ဖြစ်တာကြောင့် နောင်နှစ်တွေမှာလည်း PUBG Mobile ရဲ့ ဝင်ငွေ ရရှိမှုဟာ ယခုထက် ပိုမို တိုးတက်လာဦးမလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle