Angry Birds အသံများကြောင့် စိတ်ပျက်လျက်ရှိကြတဲ့ PUBG Mobile ကစားသမားများ

Angry Birds အသံများကြောင့် စိတ်ပျက်လျက်ရှိကြတဲ့ PUBG Mobile ကစားသမားများ

PUBG Mobile အနေနဲ့ နာမည်ကျော် Angry Birds ဂိမ်း (၁၀) နှစ်ပြည့် အဖြစ် Angry Birds ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ ဂိမ်းကုမ္ပဏီကြီး Rovio Entertainment နဲ့ ပူးပေါင်းကာ Update အသစ်တစ်ခုကို မကြာသေးခင် အချိန်က ထုတ်လွှတ်ပေးခဲ့ပါတယ်။ အဆိုပါ Update မှာ PUBG Mobile ကစားသမားတွေ အနေနဲ့ Spawn Area ကို ရောက်ရှိတာနဲ့ Angry Birds Mini-Game ကို ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

PUBG Mobile မှာ ပါဝင်လာတဲ့ Angry Birds Mini-Game မှာ Spawn Area ကို ရောက်ရှိလာတဲ့ ကစားသမားတွေ အားလုံးကို Angry Birds ပုံစံ ဗုံးလေးတွေ ပေးထားပါတယ်။ အဆိုပါ Angry Birds ပုံစံ ဗုံးလေးတွေကို ပစ်ခတ်လိုက်တာနဲ့ ချစ်စဖွယ် Angry Birds လေးတွေရဲ့ အော်မြည်သံကို ကြားရမှာ ဖြစ်ပါတယ်။

PUBG Mobile ကို ထုတ်လုပ်ခဲ့တဲ့ Tencent Gaming အနေနဲ့ Angry Birds နဲ့ ပူးပေါင်းကာ အဆိုပါ Update ကို ထုတ်လွှတ်ပေးလိုက်ရတဲ့ ရည်ရွယ်ချက်တော့ လူငယ်ကစားသမားတွေကို စွဲဆောင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Angry Birds Update ကို ထုတ်လွှတ်ပေးရာမှာ ထည့်တွက်ဖို့ အတွက် လိုအပ်တဲ့ အချက်တစ်ချက် ထည့်တွက်မိခဲ့ခြင်း မရှိခဲ့တာကြောင့် ယခုအခါမှာ PUBG Mobile ကစားသမားတွေရဲ့ အပြစ်တင် ဝေဖန်မှုတွေကို ခံယူခဲ့ရပါတယ်။

Angry Birds ဗုံးလေးတွေ ပစ်လိုက်တဲ့ အခါမှာ ထွက်ပေါ်လာတဲ့ အသံလေးတွေက ချစ်စဖွယ်ကောင်းတာ အမှန်ပဲ ဖြစ်ပေမယ့်လည်း Spawn Area မှာ ကစားသမား အယောက် (၁၀၀) နီးပါး Angry Birds ဗုံးတွေနဲ့ ဆော့ကစားတဲ့ အခါမှာတော့ မခံရပ်နိုင်လောက်အောင် ဆူညံတဲ့ အသံတွေ ထွက်ပေါ်လို့ လာခဲ့ပါတယ်။

အခုလို Angry Birds အသံတွေ ဆူညံလွန်းတာကြောင့် PUBG Mobile ကစားသမားတွေ အနေနဲ့ Tencent Gaming ကို အပြစ်တင် ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့သလို အဆိုပါ Angry Bird အသံတွေကို Mute လုပ်နိုင်မယ့် Feature တစ်ခု ထည့်သွင်းပေးဖို့အပြင် ယခု ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ အတွက်လည်း စောဒကတက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Tencent Gaming အနေနဲ့ လက်ရှိအချိန်ထိ ယခုပြဿနာကို ဖြေရှင်းပေးခြင်း မရှိသေးပေမယ့်လည်း PUBG Mobile ကစားသမားတွေရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုမှုတွေ အပေါ် အစဥ်အမြဲ ဂရုတစိုက် ဖြေရှင်းပေးလေ့ ရှိတာကြောင့် ယခု ပြဿနာကိုလည်း အမြန်ဆုံး ဖြေရှင်းသွားနိုင်တယ်လို့ ယုံကြည်မိပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle