ဆုကြေးငွေ ဒေါ်လာ ၂ သန်း ချီးမြှင့်သွားမယ့် PUBG Mobile Global Championship ပြိုင်ပွဲကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က PUBG Mobile အနေနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ဆုကြေးငွေ ဒေါ်လာ ၂ သန်း ချီးမြှင့်သွားမယ့် PUBG Mobile Global Championship ပြိုင်ပွဲကြီးကို ကျင်းပသွားဖို့ စီစဉ်လျက်ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
Proud to announce the @PUBGMOBILE Global Championship season ZERO! Where all the Top Professional invited teams across all regions will participate, including China to crown the Global Champion this year 2020! The event will host a prize pool of 2 million USD! #PMGC2020 #BeTheOne pic.twitter.com/2qj6kQCOYp
— PUBG MOBILE Esports (@EsportsPUBGM) August 24, 2020
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် PUBG Mobile ပထမရာသီဝက်ရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ PUBG Mobile World League ကို East နဲ့ West အဖြစ် Division နှစ်ခု ခွဲခြားကာ အွန်လိုင်းကနေ တစ်ဆင့်သာ ယှဉ်ပြိုင်စေခဲ့ပြီး East Division ပြိုင်ပွဲမှာ အင်ဒိုအသင်း Bigetron Red Aliens က အနိုင်ရ ဗိုလ်စွဲခဲ့သလို PUBG Mobile World League West Division ပြိုင်ပွဲမှာတော့ တူရကီအခြေစိုက် Futbolists က အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

ဒါပေမယ့်လည်း PUBG Mobile အနေနဲ့ ဒုတိယ ရာသီဝက်ရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်လာမယ့် PUBG Mobile Global Championship ပြိုင်ပွဲကိုတော့ Division နှစ်ခု အဖြစ် ခွဲခြား ယှဉ်ပြိုင်စေတော့မှာ မဟုတ်ဘဲ PUBG Mobile လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲ အဖြစ် တစ်စုတစ်စည်းတည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ PUBG Mobile Global Championship ပြိုင်ပွဲကို ဘယ်အချိန်၊ ဘယ်နေရာမှာ ကျင်းပသွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် တရုတ်နိုင်ငံ အခြေစိုက် ပရို PUBG Mobile အသင်းများ အပါအဝင် ဒေသအသီးသီးမှ ပရို PUBG Mobile အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

PUBG Mobile Global Championship ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝှမ်းမှ အသင်းတွေ အားလုံးကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးသွားမှာ ဖြစ်တာနဲ့ အညီ အွန်လိုင်းအဖြစ် ကျင်းပဖို့ ဖြစ်နိုင်တော့မှာ မဟုတ်တာကြောင့် LAN ပြိုင်ပွဲ အဖြစ်သာ ကျင်းပသွားဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့လ အနည်းငယ်ခန့်က PUBG Mobile အနေနဲ့ ပိုလန်နိုင်ငံရှိ PUBG Mobile စတူဒီယို အသစ်ကို မိတ်ဆက်ပေးခဲ့ပြီး နောက်ပိုင်း LAN ပြိုင်ပွဲ အများစုကို အဆိုပါ စတူဒီယိုမှာ ကျင်းပသွားမယ်လို့ ကြေညာ သွားခဲ့တာကြောင့် PUBG Mobile Global Championship ပြိုင်ပွဲကို အဆိုပါ စတူဒီယိုရဲ့ ပထမဦးဆုံး ပြိုင်ပွဲအဖြစ် ကျင်းပသွားဖွယ် ရှိပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေ အနေနဲ့တော့ ကိုယ်တိုင်ကိုယ်ကျ လာရောက် အားပေးခွင့် ရရှိနိုင်ဦးမှာ မဟုတ်ဘဲ အွန်လိုင်းကနေ တစ်ဆင့်သာ မိမိနှစ်သက်တဲ့ အသင်းကို အားပေးခွင့် ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PUBG Mobile Global Championship ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ Format ကို အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် World League ပြိုင်ပွဲ Format အတိုင်းသာ ကျင်းပသွားဖွယ် ရှိပါတယ်။
REF: AfkGaming