တရားဝင် မိတ်ဆက်ပြီး ၂ နှစ် အကျော်မှာပဲ ဝင်ငွေ ဒေါ်လာ ၃ ဘီလီယံကျော် ရရှိခဲ့တဲ့ PUBG Mobile

တရားဝင် မိတ်ဆက်ပြီး ၂ နှစ် အကျော်မှာပဲ ဝင်ငွေ ဒေါ်လာ ၃ ဘီလီယံကျော် ရရှိခဲ့တဲ့ PUBG Mobile

Tencent ရဲ့ နာမည်ကျော် Battle Royaleမိုဘိုင်းဂိမ်းဖြစ်တဲ့ PUBG Mobile ကို မတ်လ ၂၀၁၈ ခုနှစ်မှာ တရားဝင် မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PUBG Mobile ကို တရားဝင် မိတ်ဆက်ပေးခဲ့တာ (၂) နှစ်ကျော်သာ ရှိသေးပေမယ့် ဝင်ငွေ ဒေါ်လာ (၃) ဘီလီယံကျော် သွားခဲ့ပြီ ဖြစ်တယ်လို့ Sensor Tower ရဲ့ ဖော်ပြချက်များအရ သိရပါတယ်။

PUBG Mobile ရဲ့ ဝင်ငွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown တွေ စတင် ချမှတ်ခဲ့တဲ့ မတ်လ ၂၀၂၀ က စတင်ကာ အဆမတန် မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ သိရပြီး ၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေ ၁.၃ ဘီလီယံခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

PUBG Mobile ရဲ့ အဓိက ဝင်ငွေကို တရုတ်နိုင်ငံကနေ တစ်ဆင့် ရရှိခဲ့တာဖြစ်ပြီး PUBG Mobile ကို စတင် မိတ်ဆက်ပေးခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ဒေါ်လာ ၁.၆ ဘီလီယံခန့် ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

PUBG Mobile အနေနဲ့ ၂၀၂၀ ခုနှစ် အတွင်း ရရှိခဲ့တဲ့ ဝင်ငွေဟာ အခြားသော Battle Royale မိုဘိုင်းဂိမ်းတွေဖြစ်တဲ့ Garena’s Free Fire, Call of Duty Mobile တို့ထက် အဆမတန် များပြားခဲ့တာ ဖြစ်ပါတယ်။ Garena’s Free Fire အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဝင်ငွေ ၃၀၀ မီလီယံသာ ရရှိခဲ့သလို Call of Duty: Mobile အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဝင်ငွေ ၂၂၀ မီလီယံသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ