စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၈ သိန်းခွဲ ချီးမြှင့်သွားမယ့် PUBG Mobile World League ပြိုင်ပွဲကြီး

စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၈ သိန်းခွဲ ချီးမြှင့်သွားမယ့် PUBG Mobile World League ပြိုင်ပွဲကြီး

PUBG Mobile Global Esports ရဲ့ ဒါရိုက်တာဖြစ်သူ James Yang အနေနဲ့ PUBG Mobile World League (PMWL) Season Zero ပြိုင်ပွဲကြီးကို မကြာမီ အချိန်အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ PMWL Season Zero ပြိုင်ပွဲကို East နဲ့ West ဆိုပြီး Divisions နှစ်ခု ခွဲခြားကာ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

PMWL Season Zero ပြိုင်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ကနေ ဩဂုတ်လ ၉ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၈ သိန်းခွဲ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ PMWL Season Zero ပြိုင်ပွဲဟာ PUBG Mobile ပြိုင်ပွဲ သမိုင်း တစ်လျှောက် ဆုကြေးငွေ အများဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် PMWL ပြိုင်ပွဲကို LAN ပြိုင်ပွဲ အဖြစ် ကျင်းပနိုင်တော့မှာ မဟုတ်တာကြောင့် East နဲ့ West ဆိုပြီး Divisions နှစ်ခု ခွဲခြားသတ်မှတ်ကာ အွန်လိုင်းကနေ တစ်ဆင့်သာ ယှဉ်ပြိုင်ခိုင်းသွားမှာ ဖြစ်ပါတယ်။

James Yang ရဲ့ ပြောကြားချက်များ အရ PMWL Season Zero ပြိုင်ပွဲကို အွန်လိုင်းကနေ ကျင်းပနိုင်ဖို့ အတွက် စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားတာကြောင့် LAG တာတွေ၊ အခြားသော ပြဿနာတွေ ပြိုင်ပွဲ ကျင်းပနေစဉ် ကာလအတွင်း ပေါ်ပေါက်လာနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile World League ပြိုင်ပွဲကို Season 1 ပြိုင်ပွဲ အဖြစ် သတ်မှတ်ခြင်း မရှိဘဲ Season Zero အဖြစ် သတ်မှတ်ခဲ့ရခြင်းကတော့ ကိုရိုနာဗိုင်းရပ်စ် အဖြစ် LAN ပြိုင်ပွဲ အဖြစ် ကျင်းပနိုင်ခြင်း မရှိဘဲ အွန်လိုင်းကနေ တစ်ဆင့်သာ ကျင်းပသွားရမှာကြောင့်ပဲ ဖြစ်ပါတယ်။

PMWL East နဲ့ PMWL West ပြိုင်ပွဲ နှစ်ခုလုံးမှာ အသင်း (၂၀) စီ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး PMWL West ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ အသင်းတွေကတော့ Dream Eaters, Futbolist, Team Number One, Team Unique, Konina Power, UDR Killers, Alpha Legends, Yalla Esports, SNT, LiveToKill, HeadQuarters, FRAG Machines တို့ပဲ ဖြစ်ပါတယ်။

PMWL West ပြိုင်ပွဲ အတွက် လစ်လပ်နေစဲဖြစ်တဲ့ (၈) နေရာမှာ (၆) နေရာကို PMPM Americas Season 1 မှာ ထိပ်ဆုံး (၆) သင်း‌ နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်းတွေ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး ကျန်ရှိနေတဲ့ (၂) နေရာမှာ ဘယ်အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမယ် ဆိုတာကို Tencent ဘက်က တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။

PMWL East ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ အသင်းတွေကတော့ Box Gaming, BIGERTON Esports, Free Style, KOG, No Chance, REJECT Scarlet, RRQ, Team Secret, Yoodo, U Level Up, Valdus Esports, XENON, Orange Rock, TSM-Entity, GodLike, SynerGE, Morph Team တို့ပဲ ဖြစ်ပါတယ်။ လစ်လပ်နေတဲ့ (၃) နေရာကိုတော့ PMPM South Asia Season 1 ပြိုင်ပွဲမှ ထိပ်ဆုံး (၃) သင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

REF: DotEsports