ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင်ရခြင်းကို လုံးဝ မနှစ်သက်ကြောင်း ဖွင့်ဟလာခဲ့တဲ့ Team Secret Dota2 အသင်း ကပ္ပတိန်ကြီး Puppey

ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင်ရခြင်းကို လုံးဝ မနှစ်သက်ကြောင်း ဖွင့်ဟလာခဲ့တဲ့ Team Secret Dota2 အသင်း ကပ္ပတိန်ကြီး Puppey

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်သွားခဲ့တဲ့ OMEGA League EU Immortal Division ရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ Team Secret နဲ့ Vikin.gg တို့ရဲ့ ပွဲစဉ်မှာ Team Secret ကတော့ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ Team Secret Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Puppey ကို OMEGA League အဖွဲ့သားတွေ အနေနဲ့ Secret Dota2 အသင်း အကြောင်း အနည်းငယ် အင်တာဗျူးခွင့် ရရှိခဲ့ပါတယ်။

Puppey

အဆိုပါ အင်တာဗျူးမှာ Puppey အနေနဲ့ ရှုံးနိမ့်မှုတွေနဲ့ ပတ်သက်ပြီး ခံယူချက်တွေ၊ YapzOr ရဲ့ ကစားဟန်တွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြား သွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော် ရှုံးနိမ့်ရတာကို လုံးဝ မနှစ်သက်ပါဘူး။ ကျွန်တော် တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ Team Secret အဖွဲ့သားတွေ အားလုံး ရှုံးနိမ့်ရတာကို လုံးဝ မကြိုက်ကြပါဘူး။ ဒါပေမယ့်လည်း အမြဲတမ်း အနိုင်ရနေဖို့ ဆိုတာက မဖြစ်နိုင်ဘူးလေ။ တစ်ချိန်မှာတော့ ကျွန်တော်တို့တွေ ရှုံးနိမ့်မှုတွေနဲ့ ပြန်လည် ရင်ဆိုင်သွားရဦးမှာပါ။

Team Secret

YapZor ရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်မှာ ထွေထွေထူးထူး မှတ်ချက်ပေးနေစရာ မရှိပါဘူး။ သူကအရင်ကတည်းက လောဘကြီးတဲ့ Pos4 ကစားသမား တစ်ဦးဖြစ်တယ်။ အခုဆိုရင် ပွဲတိုင်းနီးပါး MKB ဆက်ပြီး လိုက်ပစ်ဖို့ပဲ ချောင်းနေလေ့ရှိတယ်။

ကျွန်တော့်သူ့ကို အဲလိုတွေ မလုပ်ဖို့ ပြောလည်းပဲ သူကတော့ ဆက်လုပ်နေဦးမှာပါပဲ။ သူလည်းပဲ အသင်းကို ရောက်နေခဲ့တာ အချိန်အတော်ကြာနေခဲ့ပြီလေ။ အသင်း အတွက် နစ်နာမှု မရှိသလို သူ့စိတ်ကျေနပ်မှု ရရှိမယ် ဆိုရင်တော့ ကြိုက်တဲ့ Item ဆက်ပြီး ကြိုက်သလို ကစားခွင့် ဆက်ပြီး ပေးထားမှာ ဖြစ်ပါတယ်။”

Team Secret အနေနဲ့ လက်ရှိအချိန်မှာ Team Liquid, Ninjas in Pajamas, Vikin.gg စတဲ့ သုံးသင်းလုံးကို အနိုင်ရရှိခဲ့ပြီး OMEGA League EU Immortal Division ရဲ့ အုပ်စုဘီမှာ OG Dota2 အသင်းနဲ့အတူ ပူးတွဲ ပထမ နေရာကို ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ နောက်ထပ် အုပ်စု ပွဲစဉ် တစ်ခု အဖြစ် FlyToMoon Dota2 အသင်းနဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေတာကြောင့် အဆိုပါ ပွဲစဉ်မှာရော အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle