စိတ်ကူးထဲက ခရမ်းရောင်ကျွန်းလေး

စိတ်ကူးထဲက ခရမ်းရောင်ကျွန်းလေး

ခရီးသွားရင်နေရာဆန်းဆန်းလေးနဲ့ စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးနတစ်ခုကိုသွားချင်တယ်ဆိုရင် အခုပြောပြတဲ့နေရာလေးက ဓာတ်ပုံတွေလည်းတစ်မုန်းရိုက်လို့ကောင်းပြီး ကိုယ်ကရဲ့စိတ်ကိုလည်းလုံး၀ Relax ဖြစ်စေတဲ့နေရာလေးဖြစ်မယ်လို့အာမခံပါတယ်။ကိုရီးယားနိုင်ငံရဲ့ ခရမ်းရောင်ကျွန်းလို့တောင်တင်စားခေါ်ကြတဲ့ Purple Island ရဲ့အကြောင်းလေးဝေမျှပေးချင်ပါတယ်။

လွင်ပြင်ကြီးထဲမှာ Laven derပန်းစိုက်ခင်းကြီးတွေကကျွန်းပေါ်မှာတွေရမှာပါ။ဒီကျွန်းပေါ်မှာရှိတဲ့ အိမ်လေးတွေကလည်းခရမ်းရောင်လေးတွေသုတ်ထားတာလေးကလည်းဒီကျွန်းရဲ့ဆွဲဆောင်မှုတစ်လို့တောင်ပြောလို့ရပါတယ်။ Banwol နဲ့ Parkji ဆိုတဲ့ Island နှစ်ခုကိုဆက်သွာယ်ထားတဲ့ ခရမ်းရောင်တံတားလေးကလည်းတော်တော်လေးကိုလှပါတယ်။

Lavender အပင်ပေါင်းကလည်း 40000 ကိုစိုက်ပျိုးထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ Instagram ရဲ့ Feed တွေမှာလည်းတော်တော်လေးခေတ်စားတဲ့ကျွန်းလေးတစ်ကျွန်းလည်းဖြစ်ပါတယ်နော်။Seoul မြို့ကနေဆို၃ နာရီကျော်လောက်မောင်းရပါတယ်။ Banwoldo ကျွန်းပေါ်မှာရှိလို့ Bora ကျွန်းလို့လည်းခေါ်ကြပါတယ်။

Photo Credit -Pinterest

Kelly -Akhayar Lifestyle