ဆိုရှယ်မီဒီယာ ကျွမ်းကျင်တယ်ဆိုရင် သင့်ကို အင်္ဂလန်ဘုရင်မကြီးက အလိုရှိပါတယ်တဲ့

ဆိုရှယ်မီဒီယာ ကျွမ်းကျင်တယ်ဆိုရင် သင့်ကို အင်္ဂလန်ဘုရင်မကြီးက အလိုရှိပါတယ်တဲ့

အကယ်၍များ သင်ဟာ ဆိုရှယ်မီဒီယာအလုပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး တော်ဝင်မိသားစုနဲ့ အတူ အလုပ်လုပ်ချင်စိတ်ပြင်းပြနေသူ တစ်ယောက်ဆိုရင်တော့ စိတ်မပူပါနဲ့တော့။ အဲ့အိမ်မက်တွေက အခုဖြစ်လာတော့မှာပါ။ ဘက်မင်ဟမ်နန်းတော်၂၀၁၉၊ မေလ ၁၆ရက်နေ့ကပဲ Digital Communications Officer တစ်ယောက်ခန့်ထားဖို့အတွက် ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ပြောရမယ်ဆိုရင်တော့ အဲလီဇဘက်ဘုရင်မကြီး Instagram နဲ့ Twitter မှာ သူ့ကိုယ်စား ပို့စ်တွေ Update လုပ်ပေးရမှာပါ။

ဘုရင်မကြီး ပြည်နယ်တွေ လှည့်လည် သွားရင်ဖြစ်ဖြစ်၊ ဆုပေးပွဲတွေ တော်ဝင်အခမ်းအနားတွေတက်ရင် ဖြစ်ဖြစ် ဘုရင်မကြီးရဲ့ ဆိုရှယ်မီဒီယာွှကောင့်တွေမှာ သင်က အဲဒီအကြောင်းအရာတွေကို လူစိတ်အဝင်စားဆုံးနဲ့ ပရိသတ်များများဆီ ရောက်အောင် လုပ်ရမှာပါ။ ဒါပေမယ့် တစ်ခုရှိတာက ဘုရင်မကြီးဟာ သာမန်လူတစ်ယောက်မဟုတ်တဲ့အတွက်ကြောင့် တော်ဝင်မိသားစုဆိုတဲ့ အချက်ကို ထောက်လို့ အရာရာမှာ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်မှဖြစ်မှာပါ။ သာမန်ထက် များစွာကြီးလေးတဲ့ တာဝန်တစ်ခုယူထားမယ့် အလုပ်ဆိုလည်း မမှားပါဘူး။

အလုပ်ခေါ်စာအရ လျှောက်တဲ့သူဟာ ဝက်ဘ်ဆိုက်တွေ ကိုင်တွယ်ဖူးရမယ်၊ Digital Communication ကောင်းကောင်းနဲ့ အောင်အောင်မြင်မြင် လုပ်ခဲ့ဖူးတဲ့သူဆိုရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါပဲမဟုတ်သေးပါဘူး Instagram မှာ တင်မယ့် ဓာတ်ပုံတွေက ရုပ်ထွက်ကောင်းပြီး လှနေဖို့အတွက် ဓာတ်ပုံလည်းကောင်းကောင်း ရိုက်နိုင်ရပါမယ်။ နောက်တစ်ချက်ကတော့ စာအရေးအသား ကောင်းရမှာဖြစ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းပါ ရှိရပါမယ်။ ဗီဒီယိုရိုက်တာ ကျွမ်းရင် ပိုလို့တောင်ကောင်းပါသတဲ့။ လစာကတော့ အတွေ့အကြုံပေါ်မူတည်ပြီး တစ်နှစ်ကို ပေါင် ၃၀၀၀၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။

မကြာသေးခင်ကမှ ဖွင့်ထားတဲ့ မီဂန်နဲ့ မင်းသားဟယ်ရီတို့အပါအဝင် ဝီလီယံနဲ့ ကိတ်တို့ရဲ့ Instagram အကောင့်တွေရဲ့ အောင်မြင်မှုကြောင့် ဘုရင်မကြီးလည်း Social Media ကို ခြေလှမ်း ပြင်နေပြီ ဖြစ်ပါတယ်။ ကဲ အပေါ်က အချက်တွေနဲ့ ကိုက်ညီတယ် ထင်ရင်တော့ သင့် CV ကို တော်ဝင်နန်းတော်ဆီ အရောက်ပို့ဖို့ အချိန်ကျရောက်လို့ လာပါပြီ။

Photo Credit – theroyalhousehold.tal.net

Reference – Time.com

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ