OGA Dota PIT Season 2 America ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Quincy Crew

OGA Dota PIT Season 2 America ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Quincy Crew

နာမည်ကျော် Dota 2 ကစားသမား Sumail နဲ့ အစ်ကို တော်စပ်သူ YawaR, NA အကောင်းဆုံး Mid ကစားသမား တစ်ယောက်ဖြစ်တဲ့ CCnC (Quinn) တို့ ပါဝင်တဲ့ Quincy Crew Dota2 အသင်းကတော့ OGA Dota PIT Season 2 America ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို ထိုက်တန်စွာနဲ့ စွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

OGA Dota PIT Season 2 America ပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပသွားခဲ့တာဖြစ်ပြီး NA, SA အခြေစိုက် Dota2 အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ NA အခြေစိုက် အင်အားကြီး Dota2 အသင်း Evil Geniuses အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိတာကြောင့် နာမည်ကျော် ကစားသမားတွေ ပါဝင်သလို ပြိုင်ပွဲစုံမှာ လက်စွမ်းကောင်းတွေ ပြသလျက်ရှိတဲ့ Quincy Crew Dota2 အသင်း အနေနဲ့ အနိုင်ရ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားခဲ့ပါတယ်။

YawaR

ဒါပေမယ့်လည်း Playoffs အဆင့် ပထမဦးဆုံး ပွဲစဥ်မှာပဲ Quincy Crew Dota2 အသင်း အနေနဲ့ SA ထိပ်သီး Dota2 အသင်းဖြစ်တဲ့ Beastcoast ကို ရှုံးနိမ့်ခဲ့တာကြောင့် စောစီးစွာပဲ Lower Bracket ကနေ ဘဝစခဲ့ရပါတယ်။ Lower Bracket ကို ရောက်ရှိတဲ့ အခါမှာတော့ YawaR တို့ တစ်သိုက် အနေနဲ့ အမှားအယွင်း မရှိ ပြန်လည် ကစားနိုင်ခဲ့ပြီး Midas Club ကို (၂-၀)၊ 4Zoomers ကို (၂-၀)၊ CR4ZY ကို (၂-၁)၊ Fear, Moo တို့ ပါဝင်တဲ့Business Associates ကို (၂-၀) ဆိုတဲ့ ရလဒ်တွေနဲ့ ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals မှာ ‌စောင့်ဆိုင်းလျက်ရှိတဲ့ Thunder Predator နဲ့ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Thunder Predator Dota2 အသင်းကို SA အခြေစိုက် ဝါရင့် ကစားသမားတွေဖြစ်တဲ့ LeoStyle, Matthew, Kotaro Hayama တို့အပြင် လူငယ်ကစားသမားတွေ ဖြစ်ကြတဲ့ Frank, Wu တို့နဲ့ ပေါင်းစပ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Grand Finals ပွဲစဥ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Quincy Crew Dota2 အသင်း အနေနဲ့ Thunder Predator ကို (၃-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် OGA Dota PIT Season 2 America ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ (၁) သောင်းကျော်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Quinn (CCnC)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle