ပရိုကစားသမား ဘဝကနေ ခေတ္တအနားယူသွားမယ့် Pos4 ကစားသမား Biver

Quincy Crew Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ Malthe “Biver” Winter ကတော့ ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ် Dota2 လောကကို ၂၀၁၅ ခုနှစ်မှ စတင် ဝင်ရောက်ခဲ့တဲ့ Biver အနေနဲ့ ကစားသမား သက်တမ်း တစ်လျှောက် Na’Vi, Team Spirit, NiP, Quincy Crew စတဲ့ နာမည်ကျော် Dota2 အသင်းပေါင်း များစွာမှာ ကျင်လည်ခဲ့ပြီး လက်ရှိအချိန်မှာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရလျက် ရှိတာကြောင့် ကစားသမား ဘဝကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာ ဖြစ်ကြောင်းကို Biver အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာကနေ အောက်ပါအတိုင်း ကြေညာသွားခဲ့ပါတယ်။
Taking a break
— Malthe Winther (@BiverDota) May 25, 2020
Read: https://t.co/mAybmDx3gX
“ကျွန်တော် Dota2 ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိသလို Dota2 ကစားဖို့ စိတ်အားထက်သန်မှုတွေလည်း ပျောက်ဆုံးလျက် ရှိပါတယ်။ ယခုပုံစံအတိုင်း ဆက်လက် ရပ်တည်သွားမယ် ဆိုရင် ကျွန်တော် အပါအဝင် Quincy Crew အသင်းသားတွေ အတွက်ပါ အကျိုးရှိမှာ မဟုတ်တာကြောင့် ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာာ Dota2 ကစားဖို့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးလျက် ရှိပေမယ့် Dota2 အပေါ်၊ ပြိုင်ပွဲတွေ အပေါ် ချစ်မြတ်နိုးစိတ်ကတော့ ပျောက်ဆုံးသွားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် မကြာမီ အချိန်အတွင်းမှာ ပရို Dota2 လောက အထဲကို ပြန်လည် ဝင်ရောက်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

Biver တစ်ယောက် Dota2 လောကကနေ ခေတ္တအနားယူသွားခဲ့တာကြောင့် Quincy Crew Dota2 အသင်း အနေနဲ့ အသင်းရဲ့ Pos3 ကစားသမားဖြစ်သူ MSS ကို Pos4 ကစားသမား အဖြစ် ပြောင်းလဲ ကစားစေခဲ့ပြီး NiP Dota2 အသင်းရဲ့ Pos3 ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Lelis ကို Offlane Position အတွက် ခေါ်ယူကာ ESL One Birmingham NA အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။
REF: OnEsports