မိုးရာသီမှာဘယ်လိုသစ်သီးဝလံတွေကကိုယ်ခံအားကောင်းမွန်စေလဲ

မိုးရာသီမှာဘယ်လိုသစ်သီးဝလံတွေကကိုယ်ခံအားကောင်းမွန်စေလဲ

မိုးရာသီရဲ့အရာသာလေးက အေးအေးလေးနဲ့အစားသောက်တွေဆိုရင်လည်းပေါ့ပေါ့ပါးပါးဖြစ်တဲ့အစားအသောာက်မျိုးကိုပဲစားချင်ကြတာများပါတယ်။ဒါပေမယ့် ကိုယ်ခံအားကောင်းအောင်စားပေးဖို့ကလည်း အများကြီးလိုအပ်ပါတယ်နော်။ အာဟာရပြည့်ဝစေတဲ့အစားအသာက်တွေထဲမှာ အသီးအနှံကလည်းမပါမဖြစ်မို့လို့ ဘယ်လိုအသီးအနှံမျိုးကိုစားပေးသင့်လဲ ဘယ်လိုအာဟာရတွေဖြစ်စေနိုင်လဲဆိုတာပြောပြပေးချင်ပါတယ်။အခုပြောပြတဲ့ အသီးတွေက ပိုတက်ဆီယံ၊ ဗီတာမင်ဓာတ်တွေဖြည့်တင်းပေးတဲ့အသီးအနှံလေးတွေဖြစ်ပါတယ်။
Litchi
Litchi အသီးကမုတ်သုန်ရာသီမှာစားပေးသင့်တဲ့အသီးတစ်မျိုးဖြစ်ပြီး ဗီတာမင်ဓာတ်ကြွယ်ဝသောကြောင့် ကိုယ်ခံအားတည်ဆောက်မှုကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်းကျစေတဲ့ Anti Oxidants ကိုလည်းလျော့ကျအောင်ကူညီပေးနိုင်ပါတယ်နော်။


ဌက်ပျောသီး
ဌက်ပျောသီးမှာပါဝင်တဲ့ ဗီတာမင်ဓာတ်နဲ့တစ်ခြားဓာတ်တွေလည်းအများကြီးပါဝင်ပါတယ်။အစာအိမ်ရဲ့အစာခြေစနစ်ကိုလည်းကောင်းမွန်စေတဲ့ အတွက်မိုးရာသီမှာဆိုရင်တော့  တစ်နေ့ကိုတစ်လုံးလောက်တော့ မိုးတွင်းမှာစားကိုစားပေးသင့်ပါတယ်နော်။


သင်္ဘောသီး
မိုးရာသီမှာအထူးစားပေးသင့်တဲ့အသီးတစ်မျိုးဆိုလည်းမမှားပါဘူးနော်။ ဘာလို့လည်းဆိုရင် သင်္ဘောသီးကဌက်ဖျားရောဂါကိုအထူးကာကွယ်ပေးနိုင်ပြီး ဝမ်းပျက်ဝမ်းလျောရောဂါများကိုလည်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နော်။


သလဲသီး
တလည်းသီးက မုတ်သုန်ရာသီမှာဝင်လေ့ရှိတဲ့ ဖျားနာတာတွေကိုမဖြစ်စေအောင် ကိုယ်ခံစွမ်းအားကောင်းအောင်လုပ်ပေးနိုင်တဲ့အတွက်သူရဲ့ အထဲမှာပါဝင်တဲ့အစေ့လေးတွေကမထင်ရလောက်အောင်ကောင်းမွန်တဲ့ ဓာတ်တွေပါဝင်ပါတယ်။နောက်တစ်ခုက အသားအရေကိုလည်းစိုပြေစေတဲ့အတွက်ဆရာဝန်တွေကတော့ တစ်ပတ်ကိုနှစ်လုံးလောက်တော့ စားပေးသင့်တယ်လိုပြောထားပါတယ်။

Kelly - Akhayar Lifestyle

Photo Credit - Pinterest