မိုးရာသီနဲ့အလိုက်ဖက်ဆုံးဖက်ရှင်တွေကဘာတွေဖြစ်မလဲ

မိုးရာသီနဲ့အလိုက်ဖက်ဆုံးဖက်ရှင်တွေကဘာတွေဖြစ်မလဲ

နွေအကုန်မိုးအစဆိုတဲ့အတိုင်း နွေရဲ့အငွေ့အသက်လေးတွေကလည်းတဖြည်းဖြည်းနဲ့ကုန်လာပြီဆိုတော့ မိုးရာသီအတွက်ဘယ်လိုဖက်ရှင်မျိုးဝတ်ရမလဲဆိုတာခေါင်းစားရပြန်ပြီပေါ့။မိုးရာသီဆိုတဲ့အတိုင်း အပြင်တွေထွက်မယ်ဆိုတာနဲ့ မိုးမိရင်လည်းအကျီကအခြောက်မြန်အောင်၊လုံလုံခြုံခြုံရှိဖို့ကလည်းအရေးပါပါတယ်။အပြင်တွေထွက်တိုင်းလည်းထီးလေးတွေယူသွားဖို့မမေ့ပါနဲ့နော်။အဲ့ဒီတော့ မိုးရာသီနဲ့လည်းလိုက်ဖက်တယ်၊ဖက်ရှင်ကလည်းလန်းနေစေမဲ့ Outfits လေးတွေဝေမျှပေးချင်ပါတယ်။

ဒီ Outfits လေးကလူငယ်တွေကြားမှာရောခေတ်စားတဲ့ Retro Fashion တစ်ခုဆိုလည်းမမှားပါဘူး၊လူငယ်ဆန်ပြီးတက်တက်ကြွကြွပုံစံလေးဖြစ်တဲ့အတွက်လူငယ်တွေနဲ့လည်းလိုက်ဖက်မယ်လိုမြင်ပါတယ်။

ချစ်စရာကောင်းတဲ့ဂါဝန်လေးတွေကိုအပေါ်ကနေ  Jacket ကိုထပ်ပြီးဝတ်လိုက်ရင်ချစ်စရာကောင်းပြီး၊ မိန်းကလေးဆန်ဆန်လေးနဲ့ လှလှလေးဖြစ်နေပါလိမ့်မယ်။ထီးအကြည်ရောင်လေးပါဆောင်းလိုက်မယ်ဆိုရင်တော့ ကိုရီးယားမလေးတွေလိုဖက်ရှင်ကအလန်းဇယားလေးဖြစ်နေပါလိမ့်မယ်။

Long Coat လေးတွေကမိုးရာသီအတွက်အလိုက်ဖက်ဆုံးဖက်ရှင်တစ်ခုဆိုလည်းမမှားပါဘူးနော်။Long Coat အရောင်တွေရွေးချယ်ရာတွင်လည်းအရောင်ကလည်းအရေးကြီးပါတယ်။မိုးရာသီဆိုတော့တောက်တောက်ပြောင်ပြောင်ကြီးတွေမျိုးမဟုတ်ပဲနဲ့ မိတ်ကပ်အရောင်တို့၊ညိုဖြော့ဖြော့အရောင်လေးတွေမျိုးရွေးချယ်သင့်ပါတယ်။

ကျောင်းသားလေးတွေလိုစကတ်လေးတွေနဲ့ Cute ဖြစ်တဲ့ Fashion ဆိုလည်းမမှားပါဘူး။အပေးကနေ Hoodie လေးတွေထပ်ဝတ်ရင်လည်းအထာကျနေပါလိမ့်မယ်။သိမ်းထားတဲ့ Hoodie လေးတွေထုပ်ဝတ်ဖို့အချိန်ရောက်ပြီဆိုလည်းမမှားပါဘူးနော်။

Kelly ( Akhayar Lifestyle)

Photo Credit - Pinterest