မိုးတွင်းမှာ အပြင်ထွက်မချင်တဲ့သူတွေအတွက် အိမ်ထဲမှာပဲ အကျိုးရှိရှိအချိန်ကုန်ဆုံးနည်း

မိုးတွင်းမှာ အပြင်ထွက်မချင်တဲ့သူတွေအတွက် အိမ်ထဲမှာပဲ အကျိုးရှိရှိအချိန်ကုန်ဆုံးနည်း

မိုးက တဖွဲဖွဲနဲ့ စိုစိုစွတ်စွတ်ဖြစ်စေတဲ့ ဒီရာသီမျိုးမှာ မဖြစ်မနေသွားရမယ့်ကိစ္စတွေကလွဲပြီး အပြင်မထွက်ချင်တာ သဘာဝပဲလို့ထင်တယ်။ ဘာလို့လဲဆို စဉ်းစားကြည့်ကြည့် မိုးကတဖွဲဖွဲနဲ့ဆိုတော့ ထီးဆိုတာမျိုးက ပါလာခဲ့ဦးမှ၊ မပါလာဘဲ မေ့ကျန်ခဲ့ရင်တော့ တော်တော် ဒုက္ခများမှာပဲ။

စိတ်ညစ်ဖို့အကောင်းဆုံးအရာကတော့ ရွံ့ဗွက်တွေပါပဲ။ လမ်းမှာမတော်တဆ နင်းမိတဲ့ အခါမျိုးတွေ၊ ကိုယ်လျှောက်နေတဲ့ လမ်းဘေးကနေ ကားဖြတ်လို့ ရွံ့ဗွက်တွေရွှဲတဲ့ အခိုက်အတန့်မျိုးတွေ ကြုံရတဲ့နေ့ဆို တစ်နေကုန် ဘူ ပြီပဲ။ စိုစိစိုစိနဲ့ တနေကုန် နေလို့ထိုင်လို့မကောင်းပါဘူး။ အပြင်ကလည်း တနေကုန် ထွက်ရ၊ အဝတ်အစားတွေ လည်း စိုထိုင်းထိုင်းဖြစ်နေတဲ့ အခိုက်အတန့်မျိုးဆို ဖျားနာတဲ့ အဆင့်ထိတောင် ရောက်နိုင်ပါတယ်။ ဒါတွေကြောင့် မိုးတွင်းကြီး Hangout လုပ်ရမှာ ကြောက်နေတယ် ဟုတ်။

ဒါဆို Admin က မိုးတွင်းမှာ အပြင်မထွက်ချင်တဲ့သူတွေအတွက် အိမ်ထဲမှာပဲ အကျိုးရှိရှိ အချိန်ဖြုန်းလို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးမှာပေါ့။

အိပ်လို့ရတုန်းအိပ်ရေးဝအောင် ခဏလောက်ဆက်အိပ်လိုက်ပါ။
မိုးတွေသည်းနေတဲ့အချိန်မျိုးဆိုတာ အရမ်းကိုအိပ်လို့ကောင်းတဲ့အချိန်ပါပဲ။ မိုးသံတဖြောက်ဖြောက်နဲ့ မြေသင်းနံ့လေးတွေက အိပ်လို့ကောင်းစေမှာပါ။ ဒီအချိန်လေးမှာ ပိုအိပ်လိုက်လို့လည်း ငြီးစီစီဖြစ်တာ ထိုင်းမှိုင်းတာတွေ ဖြစ်မှာမစိုးရိမ်ပါနဲ့။ နေ့တိုင်းနီးပါး အလုပ်တွေ ကျောင်းတွေနဲ့ လိပ်ပတ်မလည်လို့ ကောင်းကောင်းမအိပ်ဖြစ်တာ ကြာနေပြီမလား။ နားရက်လေးရတုန်းလေး ခဏလောက် ထပ်အိပ်လိုက်။

ကိုယ်လက်သန့်စင်ပြီး Skin Care လေးတွေလုပ်ပါ။
အိပ်ရာကနိုးနိုးချင်းဆိုတော့ လန်းဆန်းသွားအောင် ကိုယ်လက်သန့်စင်လိုက်ပါ။ ပြီးတာနဲ့ တစ်နေကုန် အိမ်ပြင်ထွက်တော့မှာမဟုတ်ဘူးဟုတ်။ ဒါဆို ဒီနေ့အားနေတာပဲ Skin တွေ Care ကြမယ်လေ။ နားလို့လည်းရ အသားအရည်လေးလှ ဘယ်လောက်မိုက်လဲ။ ဒီလိုအချိန်မျိုး Skin မ Care ရင် ဘယ်အချိန် Care ကြမလဲ။

သူငယ်ချင်းတွေကို အိမ်အလည်ခေါ်ပြီး ဟင်းတွေချက်စားကြပါ။
ဟင်းချက်တဲ့ အလေ့အကျင့်ဟာလည်း စိတ်အပန်းပြေပြီး အာရုံစူးစိုက်မှုကောင်းမွန်စေတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ တစ်ယောက်တည်း မချက်ဘဲ သူငယ်ချင်းတွေစုပြီး မုန့်ဖြစ်ဖြစ်၊ စားစရာလေးတွေ ဖြစ်ဖြစ် စုပြီး ချက်စားကြည့်ကြပါ။ Online ကနေ Tutorial လေးတွေ ကြည့်ပြီး ချက်စားခြင်းဟာလည်း ပညာလည်းရသလို၊ ပျော်ဖို့လည်းကောင်းပါတယ်။ အောင်မြင်တော့လည်း ပျော်ရတာပေါ့။ မအောင်မြင်လို့ပျက်သွားလည်း ပျော်ရတာပါပဲနော်။

သူငယ်ချင်းတွေနဲ့ Video တူတူကြည့်ပါ။
သူငယ်ချင်းတွေနဲ့ Hangout လုပ်တဲ့နေရာမှာ အပြင်တွေသွားမှ ဈေးကြီးတဲ့ရုပ်ရှင်တွေ တူတူစုကြည့်မှမဟုတ်ပါဘူး။ အိမ်မှာပဲ သူငယ်ချင်းတွေစုပြီး အက်ရှင်ကားဖြစ်ဖြစ် ဟာသကားဖြစ်ဖြစ် တူတူကြည့်ရင်း မိုးရွာတဲ့ရက်လေးကို အပြည့်အဝခံစားလို့ရပါတယ်။

စာအုပ်လေးတစ်အုပ်ကိုဖတ်ပြီး သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကုန်ဆုံးပါ။
မိုးလေးကလည်း သည်းသည်းနဲ့ ကဗျာစာအုပ်ကောင်းကောင်း၊ အတွေးစိတ်ကူးတွေပျံ့လွင့်လို့ကောင်းမယ့် စာအုပ်ကောင်းကောင်းတွေက မိုးရွာနေတဲ့နေ့တစ်နေ့အတွက် အလိုက်ဖက်ဆုံးပါပဲ။

ရာသီဥတုအေးအေးလေးနဲ့ စိတ်အာဟာရလည်းဖြစ်စေတာမို့ မိုးတွေသည်းလို့ အိမ်မှာနေချင်လည်း စာအုပ်လေး တစ်အုပ်တည်းနဲ့ အဆင်ပြေပါတယ်။

Lwin Moe Htyke ( Akhayar )

photo credit – Doris Italian Market