Rakuten Viber မှ Burmese Converter tool ဖြင့် ဇော်ဂျီမှ ယူနီကုတ်၊ ယူနီကုတ်မှ ဇော်ဂျီသို့ အလွယ်တကူ ကူးပြောင်း ဖတ်ရှုနိုင်ရန် လုပ်ဆောင်

Rakuten Viber မှ Burmese Converter tool ဖြင့် ဇော်ဂျီမှ ယူနီကုတ်၊ ယူနီကုတ်မှ ဇော်ဂျီသို့ အလွယ်တကူ ကူးပြောင်း ဖတ်ရှုနိုင်ရန် လုပ်ဆောင်

အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကို ပိုမိုထိရောက်လုံခြုံစေရန်အတွက် နိုင်ငံတော်အစိုးရသည် ဇော်ဂျီ‌ဖောင့်မှ ယူနီကုတ်ဖောင့်သို့ မဖြစ်မနေကူးပြောင်းစေခဲ့သည်။ ထိုသို့ အကူးအပြောင်းကလတွင် Viber အသုံးပြုသူများ အဆင်ပြေချောမွေ့စေရန်အတွက် Android နှင့် iOS များတွင် အသုံးပြုနိုင်သည့် Rakuten Viber မှ ဇော်ဂျီဖောင့်နှင့် ယူနီကုတ်ဖောင့်ကို အချင်းချင်း အပြန်အလှန် အလိုအလျောက် ကူးပြောင်းပေးနိုင်သော Burmese Converter tool ကို ဖန်တီးထည့်သွင်းပေးခဲ့ကြသည်။

မြန်မာနိုင်ငံအစိုးရ၏ ဆုံးဖြတ်ချက်သည် ယနေ့ ဒီဂျစ်တယ်ခေတ်တွင် ပြည်သူများနှင့် လုပ်ငန်း အဖွဲ့အစည်းများ ဆက်သွယ်ပြောဆိုခြင်းများပေါ်၌ သိသာထင်ရှားစွာ အကျိုးသက်ရောက် ခဲ့သည်။ လက်ရှိတွင် နိုင်ငံအတွင်း၌ ဇော်ဂျီကို ဆက်လက်အသုံးပြုနေသူများစွာ ရှိနေသေးသည်။ ဇော်ဂျီဖောင့်တွင် အားနည်းချက်များစွာရှိနေပြီး အဓိကအားနည်းချက်များမှာ ၄င်းသည် နည်းပညာအသစ်များနှင့် အံဝင်ခွင်ကျမရှိခြင်း၊ ခြေရာကောက်ခံ၍မရခြင်းနှင့် သတင်းအမှားများကို ဖြန့်ဝေရန် အသုံးပြုနိုင်ခြင်း တို့ဖြစ်သည်။ ယူနီကုတ်၏ ထူးခြားအားသာချက်မှာ ဘာသာစကားမျိုးစုံ အသုံးပြုနိုင်သော အက်ပလီကေးရှင်းများတွင် အသုံးပြုနိုင်ခြင်း၊ အချက်အလက်များကို မျှဝေနိုင်ခြင်း၊ ကမ္ဘာတစ်ဝှမ်းအသုံးပြုနိုင်ခြင်းနှင့် Web စံချိန်စံနှုန်းအသစ်များနှင့် သဟဇာတဖြစ်ခြင်းတို့ ဖြစ်ပါသည်။

နိုင်ငံတွင်း သတင်းအချက်အလက်နှင့် နည်းပညာသည် အရေးကြီးသောဏ္ဍ၌ ပါဝင်သည့်အလျောက် အဆင့်မြင့် လုံခြုံရေးလုပ်ဆောင်ချက်များဖြင့် Stakeholders များနှင့် ဆက်သွယ်ပေးနိုင်သည့် ယူနီကုတ်ဖောင့် အသုံးပြုရန် လိုအပ်သည်။ ထို့အပြင် Viber ၏ Burmese Converter သည် မြန်မာနိုင်ငံတွင် ယူနီကုတ်ဖောင့်သို့ ကူးပြောင်းအသုံးပြုရာ၌ အရေးပါအရာရောက်မည်ဖြစ်သည်။ ထိုသို့ကူးပြောင်းနိုင်ရန်အတွက် အောက်ပါအဆင့်များအတိုင်း ပြုလုပ်ရမည်ဖြစ်သည်။

Viber> More> Settings> Calls and messages> Auto-convert Burmese

“ဘယ်အပြောင်းအလဲမှာမဆို အစပိုင်းမှာ ခက်ခဲတတ်တာကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမယ့် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍက အားလုံးပူးပေါင်းပါဝင်မယ်ဆိုရင်တော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ သေချာပါတယ်။ ယူနီကုတ်‌ဖောင့်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီး ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေအားလုံးက ယူနီကုတ်စနစ်ကို လိုက်နာအသုံးပြုကြမယ်ဆိုရင်  မြန်မာနိုင်ငံက တခြား ကြီးမားတဲ့ အာရှစီးပွားရေးနိုင်ငံကြီးတွေနဲ့အမီလိုက်လာနိုင်မှာဖြစ်ပါတယ်။” ဟု Burmese Converter ဖန်တီးထည့်သွင်းခြင်းနှင့် ပတ်သက်၍ Viber ၏ COO ဖြစ်သူ Ofir Eyal မှ ပြောကြားသွားခဲ့ပါသည်။

Auto-Burmese Converter အား ကွန်ပျူတာများတွင်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။

Kelly -Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle