Rakuten Viber မှ ဘဝ၏ လျှို့ဝှက်လွှမ်းမိုးနေသည့် နက္ခ ကြယ်တာယာများ အကြောင်းကို ဖော်ထုတ်ပြသသွားမည့် “Horoscope Chatbot” အား မိတ်ဆက်

Rakuten Viber မှ ဘဝ၏ လျှို့ဝှက်လွှမ်းမိုးနေသည့် နက္ခ ကြယ်တာယာများ အကြောင်းကို ဖော်ထုတ်ပြသသွားမည့် “Horoscope Chatbot” အား မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့သည့် ဝန်ဆောင်မှု ပေးအပ်နေသည့် အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် Rakuten Viber သည် မိမိရာသီခွင်ကို ကြည့်ရှုနိုင်သော  AI နည်းပညာသုံး Horocope Chatbot ကို စတင်မိတ်ဆက်ခဲ့ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အဆိုပါ chatbot ၌ နောက်ဆုံးထွက်ဟောကိန်းများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတွင် အသစ်ရယူနိုင်မည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် Horoscope နှင့် ဆက်နွယ်သည့် စတစ်ကာများကိုလည်း မကြာမီအချိန်အတွင်း ရရှိနိုင်တော့မည်ဖြစ်သည်။

ပျော်ရွှင်စိတ်ဝင်စားဖွယ်ကောင်းသော Horoscope Chatbot မှ တစ်ဆင့် chat ခြင်းဖြင့် ဘဝ၊ အလုပ်၊ နှလုံးသားရေး၊ ကျန်းမာရေး အစရှိသည်တို့၏ ကြိုတင်ဟောကိန်းများကို လွယ်ကူစွာ ရယူနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံရှိ အသုံးပြုသူများ ပိုမိုအဆင်ပြေစေရန်အတွက် ၄င်း bot အား မြန်မာဘာသာဖြင့် အသုံးပြုနိုင်‌အောင် ပြုလုပ်ပေးထားသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေစိတ်ဝင်စားပြီး သင့်တင့်လျောက်ပတ်တဲ့ လုပ်ဆောင်ချက်တွေကို အဆက်မပြတ် တိုးချဲ့ မိတ်ဆက်ခြင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုးမြင့်လာတဲ့  အသုံးပြုသူတွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေ ဘဝအပန်းပြေစေနိုင်ဖို့ ရိုးရှင်းတဲ့ bot ကနေတစ်ဆင့် နက္ခ ဗေဒင် ကြိုတင်ဟောကိန်း ထုတ်ပေးနိုင်တဲ့ Horoscope Chatbot ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။” ဟု တစ်မူထူးခြားသည့် လုပ်ဆောင်ချက်နှင့် ပတ်သသက်ပြီး Rakuten Viber ၏ COO ဖြစ်သူ Ofir Eyal မှ ပြောကြားခဲ့ပါသည်။

လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးတွင် စာတိုပေးပို့မှု ဝန်ဆောင်မှု ပေးအပ်သည့် အက်ပလီကေးရှင်းများသည် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်၊ လေ့လာသင်ယူရန်၊ ဆက်သွယ်ပြောဆိုရန် နှင့်  စိတ်ဝင်စားသော သတင်းများ ရယူဖတ်ရှုရန် စသည့် လုပ်ဆောင်ချက်များအတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် Rakuten Viber သည် အသုံးပြုသူများ၏ အကျိုးစီးပွားအား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများဖြင့် ဖြေရှင်းပေးနေသော ထို့ကြောင့် သင်၏ အနာဂတ် ကြိုတင်ဟောကိန်းများကို သိရှိလိုပါက ပြည်တွင်းမီဒီယာတစ်ခုနှင့် ပူးပေါင်းထားသည့် Viber ၏ Horoscope Chatbot ကို https://vb.me/horoscopebot_1 တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

Kelly -Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle