Bond 25 (2020) ရုပ်ရှင်မှာ ဗီလိန်ဇာတ်ရုပ်နဲ့ ပါဝင်ဖို့ရှိတဲ့ Rami Malek

Bond 25 (2020) ရုပ်ရှင်မှာ ဗီလိန်ဇာတ်ရုပ်နဲ့ ပါဝင်ဖို့ရှိတဲ့ Rami Malek

Bohemian Rhapsody (2018) ရုပ်ရှင်မှာ အော်စကာဆုရရှိထားတဲ့ မင်းသားချော Rami Malek ဟာ Bond 25 (2020) ရုပ်ရှင်မှာ ပါဝင်ဖို့ရှိတယ်လို့ Collider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Daniel Craig (James Bond) နဲ့ အပြိုင်ကြမ်းမယ့် ဗီလိန်ဇာတ်ရုပ်မှာ ပါဝင်ရမယ်လို့ သိရပါတယ်။ Rami Malek ဟာ အော်စကာဆုကို ရရှိပြီးနောက်ပိုင်း ထုတ်လုပ်သူတွေဟာ Bond 25 (2020) ရုပ်ရှင်မှာ လိုအပ်နေတဲ့ ဗီလိန်ဇာတ်ရုပ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Bond 25 (2020) ရုပ်ရှင်ဟာ ၂ဝ၁၉ခုနှစ် နွေဦးရာသီမှာ ရိုက်ကူးရေးစတင်မှာဖြစ်တာကြောင့် Rami Malek အတွက် အဆင်မပြေပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ Mr. Robot ရုပ်သံဇာတ်လမ်းတွဲ Final Season ရဲ့ ရိုက်ကူးရေးနဲ့ တိုက်ဆိုင်နေတဲ့အတွက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရိုက်ကူးရေးကာလအတွက် နှစ်ဖက်တာဝန်ရှိသူတွေ နောက်ဆုံးအဆင့်အနေနဲ့ အသေးစိပ်ဆွေးနွေးနေကြပြီး မကြာခင်မှာ တရားဝင်ထုတ်ပြန်ဖွယ်ရှိပါတယ်။

Bond 25 (2020) ရုပ်ရှင်မှာ Rami Malek အပြင် အော်စကာဆုရှင် Black Panther (2018) မင်းသမီး Lupita Nyong’o ကိုလည်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Bond 25 (2020) ရုပ်ရှင်ဟာ ၂ဝ၂ဝခုနှစ် ဧပြီလ (၈) ရက်နေ့မှာ ရုံတင်ဖို့ လျာထားနေပြီး တကယ်လို့ Rami Malek ဟာ Daniel Craig (James Bond) နဲ့အပြိုင်ကြမ်းမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဖြစ်မှာ အသေအချာပါပဲ။

Reference and Photo Credit – IGN ၊ Complex

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle