NIP Dota2 အသင်းရဲ့ အစားထိုး ကစားသမားများ အဖြစ် ဝင်ရောက် ကစားပေးသွားမယ့် Ramzes နဲ့ MiLAN

NIP Dota2 အသင်းရဲ့ အစားထိုး ကစားသမားများ အဖြစ် ဝင်ရောက် ကစားပေးသွားမယ့် Ramzes နဲ့ MiLAN

ESL One Los Angeles အွန်လိုင်း ပြိုင်ပွဲနဲ့ WePlay! Pushka League အွန်လိုင်း ပြိုင်ပွဲတို့မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် NiP Dota2 အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Lelis နဲ့ Pos4 ကစားသမားဖြစ်သူ Universe တို့ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ခြင်း မရှိတာကြောင့် အဆိုပါ ပြိုင်ပွဲနှစ်ခုမှာ အစားထိုး ကစားသမားများဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

NiP Dota2 အသင်းမှာ အစားထိုး ကစားသမားများ အဖြစ် ဝင်ရောက် ကစားပေးသွားမယ့် ကစားသမားတွေကတော့ EG Dota2 အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Roman “RAMZES666” Kushnarev နဲ့ Milan “MiLAN” Kozomara တို့ပဲ ဖြစ်ပါတယ်။ Ramezes အနေနဲ့လည်း Lelis နည်းတူ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးတာကြောင့် အခုလို NiP Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ကစားပေးဖို့ ကမ်းလှမ်းခြင်းကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

RAMEZES666

MiLAN အနေနဲ့ 2019-2020 DPC ရာသီ စတင်ပြီး သိပ်မကြာခင် အချိန်မှာ Chicken Fighters Dota2 အသင်းကို ဝါရင့် Support ကစားသမား တစ်ဦးဖြစ်သူ SoNNeikO နဲ့ ပူးပေါင်း တည်ထောင်ခဲ့ပေမယ့်လည်း ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် ၂၀၂၀ ခုနှစ်၊ ၃ လပိုင်း၊ ၂၀ ရက်နေ့မှာ အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို NiP Dota2 အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးဖို့ ကမ်းလှမ်းမှုကို အလွယ်တကူပဲ လက်ခံခဲ့တာ ဖြစ်ပါတယ်။

MiLAN (Right)

ဒါကြောင့် အစားထိုး ကစားသမားနှစ်ဦး ဝင်ရောက် ကစားသွားမယ့် NiP Dota2 အသင်း အနေနဲ့ ဧပြီလ ၄ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် ESL One Online Europe & CIS Region ပြိုင်ပွဲနဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် WePlay! Pushka League တို့မှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle