Just Error Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ

Just Error Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းထွက်ခဲ့တဲ့ Just Error Dota2 အသင်းကတော့ ယခုအခါမှာ ဖျက်သိမ်းလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Just Error Dota2 အသင်းကို နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Epic League Division 1 ပြိုင်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရပြီး နောက်မှာတော့ အခုလို ဖျက်သိမ်းဖို့ ပြန်လည် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Just Error Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Ramzes ကတော့ အခုလို အသင်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းကို အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

“အသင်းကို စတင်ဖွဲ့စည်းတုန်းက ကျွန်တော်တို့တွေ Epic League မှာ ဝင်ရောက် မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး အဲဒီ ဆုံးဖြတ်ချက်က ကျွန်တော်တို့ အတွက် တကယ်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ CIS ကစားသမား လေးဦးနဲ့ အမေရိကန်နိုင်ငံသား Sumail နဲ့ အကြားမှာ ဘာသာစကား အခက်အခဲတွေ ရှိခဲ့တယ်။

ramzes

ဒါ့အပြင် Sumail ဟာ ယူအက်စ်ကနေ ဥရောပဆာဗာမှာ ဝင်ရောက် ယှဉ်ပြိုင်နေရတာ ဖြစ်တာကြောင့် Latency ပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် Epic League မှာ ကျွန်တော်တို့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးရဲ့ ရည်မှန်းချက်ဟာ TI မှာ အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ Bootcamp တစ်ခုမှာ အတူတကွ လေ့ကျင့်မှုတွေ ပြုလုပ်ရခဲ့မယ်ဆိုရင် အောင်မြင်နိုင်တယ်လို့ အသင်းက စတင် ဖွဲ့စည်းစဉ် အချိန်က ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် Epic League မှာ ဝင်ရောက် ယှဉ်ပြိုင်ကြည့်လိုက်တဲ့ အခါမှာ ကျွန်တော်တို့တွေ Bootcamp မှာ အတူရှိနေရင်တောင် ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။

Sumail

ကျွန်တော်တို့တွေကို EU အခြေစိုက် Esports အဖွဲ့အစည်း အသစ်တစ်ခုက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေကြောင့် အဆိုပါ အဖွဲ့အစည်း Dota2 လောကမှာ နာမည်ပျက်တာမျိုး ဖြစ်သွားမှာ မလိုလားတာကြောင့် Just Error Dota2 အသင်းကို ဖျက်သိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

ဖျက်သိမ်းသွားခဲ့တဲ့ Just Error Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Roman “Ramzes” Kushnarev – Pos 1
  • Syed “SumaiL” Hassan – Pos 2
  • Vladimir “No[o]ne” Minenko – Pos 3
  • Bakyt “Zayac” Emilzhanov – Pos 4
  • Alexey “Solo” Berezin – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle