OMEGA League ပြိုင်ပွဲမှာ အစားထိုး ကစားသမား တစ်ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် EG Dota2

OMEGA League ပြိုင်ပွဲမှာ အစားထိုး ကစားသမား တစ်ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် EG Dota2

NA အခြေစိုက် အင်အားကြီး Dota2 အသင်း Evil Geniuses အနေနဲ့ ဇွန်လအတွင်းမှာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ BTS Pro Series Season 2 ပြိုင်ပွဲ ပြီးဆုံးသွားစဉ် အချိန်ကတည်းက ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ EG အနေနဲ့ လက်ရှိအချိန်မှာ ကျင်းပလျက်ရှိတဲ့ The Great American Rivalry Division 1 Season 1 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သလို မကြာသေးခင် အချိန်က ကျင်းပပြီးစီးသွားခဲ့တဲ့ OGA Dota PIT Season 2 America ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း ဩဂုတ်လ (၁၀) ရက်နေ့မှာ စတင် ကျင်းပသွားမယ့် OMEGA League ပြိုင်ပွဲမှာတော့ EG Dota2 အသင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပြီး Team Secret Dota2 အသင်းရဲ့ မန်နေဂျာဖြစ်သူ Matthew “Cyborgmatt” Bailey ရဲ့ အဆိုအရ EG Dota2 အသင်း အနေနဲ့ OMEGA League ပြိုင်ပွဲမှာ NA Division အစား EU Division မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

EG Dota2 အသင်းရဲ့ Pos3 ကစားသမားဖြစ်သူ RAMZES666 နဲ့ Pos4 ကစားသမားဖြစ်သူ Cr1t တို့ အနေနဲ့ EU မှာ နေထိုင်လျက် ရှိကြသလို Carry ကစားသမား Arteezy နဲ့ Pos5 ကစားသမား Fly တို့ဟာ ဆိုရင်လည်း လက်ရှိအချိန်မှာ EU Rank Match တွေမှာသာ ကစားလျက် ရှိတာကြောင့် OMEGA League: EU Immortal Division မှာ EG Dota2 အသင်းကို အမှန်တကယ် မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။

Abed

ဒါပေမယ့်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်စဉ်အချိန်ကတည်းက နေအိမ်ရှိရာ ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားခဲ့တဲ့ Abed ကိုတော့ EG Dota2 အသင်းနဲ့အတူ မြင်တွေ့ရဦးမှာ မဟုတ်သလို RAMZES666 ရဲ့ ပြောကြားချက်များအရ OMEGA League မှာလည်း Mid Lane နေရာ အတွက် အစားထိုး ကစားသမား တစ်ဦးကိုသာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RAMZES666

“နောက်ကျင်းပသွားမယ့် ပြိုင်ပွဲမှာ EG Dota2 အသင်းရဲ့ Mid Lane ကစားသမား အဖြစ် အစားထိုး ကစားသမား တစ်ဦးကိုသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle