Geek Fam Dota 2 အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ Raven

Geek Fam Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Marc Polo Luis “Raven” Fausto ကတော့ အသင်းကနေ ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Raven အနေနဲ့ Geek Fam Dota2 အသင်းကို ပြီးခဲ့တဲ့ မေလက စတင်ကာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

2018-2019 DPC ရာသီမှာ Geek Fam Dota2 အသင်း အနေနဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် 2019-2020 DPC ရာသီမှာတော့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။ 2019-2020 DPC ရာသီ စတင်ချိန်မှာ Minor နှစ်ပွဲဆက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သလို ကျင်းပခွင့် မရရှိခဲ့တဲ့ LA Major ပြိုင်ပွဲ လက်ရည်စစ်ပွဲကိုလည်း အောင်မြင်ခဲ့ပါတယ်။
LA Major ဖျက်သိမ်းပြီး နောက်ပိုင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုင်ပွဲတွေ အားလုံး အွန်လိုင်းပုံစံ ပြောင်းလဲသွားခဲ့ပြီး Geek Fam Dota2 အသင်း အနေနဲ့ ပြိုင်ပွဲ အများစုမှာ ထိပ်ဆုံး (၄) သင်း အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး BTS Pro Series Season 2, ONE Esports Dota2 SEA League စတဲ့ SEA အခြေစိုက် ပြိုင်ပွဲကြီး နှစ်ခုလုံးမှာ SEA အခြေစိုက် အင်အားကြီး Dota2 အသင်းတွေဖြစ်တဲ့ Boom Esports, Fnatic စတဲ့ Dota2 အသင်းတွေကို အပြတ်အသတ် အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုလို အောင်မြင်မှုတွေကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း Raven ကတော့ Geek Fam Dota2 အသင်းကနေ တိတ်တဆိတ် ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Raven တစ်ယောက် Geek Fam ကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို Geek Fam Dota 2 အသင်း အနေနဲ့ တွစ်တာ အကောင့်ကနေ တစ်ဆင့် အခုလို ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
#geekfam #raven #onceageekalwaysafam pic.twitter.com/rEshnU2UrZ
— Geek Fam (@TeamGeekFam) July 28, 2020
“Raven အနေနဲ့ Geek Fam ကျရှုံးနေချိန်မှာ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ခဲ့ပြီး အမြင့် တစ်နေရာကို ပို့ဆောင်ပြီးချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ Marc Polo Luis “Raven” Fausto ကို အသင်းမှာ ရှိနေပေးခဲ့တဲ့ အချိန်တွေ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”
Geek Fam Dota2 အသင်းဘက်ကရော Raven ဘက်ကပါ အသင်းကနေ ထွက်ခွာရတဲ့ အကြောင်းပြချက်ကို အတိအကျ ထုတ်ဖော် ပြောကြားခြင်းတော့ မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာ Geek Fam Dota2 အသင်း အနေနဲ့ Raven နေရာကို အစားထိုးသွားမယ့် ကစားသမားနဲ့ ပတ်သက်ပြီး ကြေညာခြင်း မရှိသေးပေမယ့် ဩဂုတ်လ အတွင်းမှာ Dota2 ပြိုင်ပွဲတွေ ပြန်လည် ကျင်းပသွားဖို့ ရှိနေတာကြောင့် ဘယ်ကစားသမားကို ခေါ်ယူသွားမလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လက်ရှိ Geek Fam Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Karl “Karl” Jayme – Pos 2
- Carlo “Kuku” Palad – Pos 3
- Kenny “Xepher” Deo – Pos 4
- Matthew “Whitemon” Filemon – Pos 5
REF: VpEsports