ပါးစပ်နဲ့ နှာခေါင်းစည်းများ ထုတ်လုပ်သွားမယ့် နာမည်ကျော် ဂိမ်းမင်း ကုမ္ပဏီကြီး Razer

နာမည်ကျော် ဂိမ်းမင်းနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်ရောင်းချရေး ကုမ္ပဏီကြီးဖြစ်တဲ့ Razer ရဲ့ CEO ဖြစ်သူ Min Liang Tan အနေနဲ့ Razer ကုမ္ပဏီပိုင် အချို့သော စက်ရုံတွေကနေ တစ်ဆင့် ခွဲစိတ်ခန်းသုံး ပါးစပ်နဲ့ နှာခေါင်းစည်းများကို ထုတ်လုပ်ပြီး ကမ္ဘာအနှံ့ကို ဝေမျှပေးသွားမှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

Min Liang Tan ရဲ့ အဆိုအရ Razer အနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း တစ်သန်းခန့်ကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အတွက် ထုတ်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
We intend to donate up to 1M masks to the health authorities of different countries globally. For starters, we’ve been in touch with the authorities in Singapore (where the @Razer SEA HQ is based) to donate some of the initial shipments to assist their fight against COVID-19.
— Min-Liang Tan (@minliangtan) March 19, 2020
“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ Razer ကုမ္ပဏီရဲ့ ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေ အနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းများ ဖန်တီး ထုတ်လုပ်နိုင်ဖို့၊ ကမ္ဘာ့နေရာအနှံ့အပြားကို လှူဒါန်းနိုင်ဖို့ အတွက် ကြိုးပမ်းခဲ့ကြပါတယ်။
ကျွန်တော်တို့တွေ နိုင်ငံတကာက ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပါးစပ်နဲ့ နှာခေါင်းစည်း ၁ သန်းခန့် လှူဒါန်းသွားဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံ အာဏာပိုင်တွေနဲ့ အဆက်အသွယ် ရရှိထားပြီး စင်ကာပူ နိုင်ငံသားတွေ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အတွက် Razer ကုမ္ပဏီထုတ် ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို မကြာမီ အချိန်အတွင်း ဝေမျှပေးသွားမှာ ဖြစ်ပါပတယ်။”

Razer ကုမ္ပဏီထုတ် ပါးစပ်နဲ့ နှာခေါင်းစည်းများကို ပထမဆုံး အသုံးပြုခွင့် ရရှိမယ့် နိုင်ငံကတော့ Razer ကုမ္ပဏီ အရှေ့တောင်အာရှ ရုံးချုပ်တည်ရှိရာ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Razer အနေနဲ့ ကျန်းမာရေး အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီး Razer ကုမ္ပဏီထုတ် ပါးစပ်နဲ့ နှာခေါင်းစည်းများကို ကမ္ဘာအနှံ့ ဝေမျှပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Min Liang Tan ရဲ့ ဆက်လက် ပြောကြားချက်များအရ Razer ကုမ္ပဏီကနေ ပထမအသုတ် အနေနဲ့ ထုတ်လုပ် ဖြန့်ချီသွားမယ့် ပါးစပ်နဲ့ နှာခေါင်းစည်းတွေမှာ အခြားသော Razer ထုတ် ကုန်ပစ္စည်းတွေလို ဒီဇိုင်းဆန်းဆန်းတွေ ပါဝင်ဦးမှာ မဟုတ်ပေမယ့် နောက်ပိုင်း ဖြန့်ချီသွားမယ့် ပါးစပ်နဲ့ နှာခေါင်းစည်းတွေမှာတော့ Razer လိုဂိုတွေ၊ ဒီဇိုင်းဆန်းဆန်းတွေ ပါဝင်လာဖွယ် ရှိတယ်လို့ သိရပါတယ်။
REF: OneEsports