စာဖတ်ခြင်းကကိုယ့်ရဲ့မိတ်ဆွေကောင်းဖြစ်နိုင်လား

စာဖတ်ခြင်းကကိုယ့်ရဲ့မိတ်ဆွေကောင်းဖြစ်နိုင်လား

စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့စကားအတိုင်းပဲပေါ့နော် စာဖတ်ခြင်းကိုယ့်ရဲ့ဘဝကိုအများကြီးမပြောင်းလဲချင်နေတစ်စိတ့်တစ်ဒေသကတော့ပါဝင်နေတာတော့အမှန်ပါပဲ။နေ့စဉ်သတင်းစားလေးဖတ်တာကလည်း စာဖတ်ခြင်းပါ့ပဲ့နော်မြန်မာနိုင်ငံမှာကလူငယ်တွေအနေနဲ့စာဖတ်အားနည်းနေတာတွေ့ရပါတယ်။စာကြည့်တိုက်တွေသွားပြီးစာအုပ်တွေရှာဖတ်တာမျိုးတွေ၊ငယ်ငယ်တုန်းကဖတ်တဲ့ယဉ်ကျေးလိမ္မာတွေကအခုခေတ်ကဖတ်နေတာမတွေ့ရတော့ဘူး၊မင်မင်တို့ငယ်ငယ်ကဆို စာဖတ်ချင်လို့ဘုန်းကြီးကျောင်းကိုသွားပြီဘုရားစာအုပ်တွေသွားရှာဖတ်ရတာပေါ့နော်။

Photo Credit-The Jakarta

အခုခေတ်က ဖုန်းလေးရှိရုံနဲ့ကိုယ်ဖတ်ချင်တဲ့စာအမျိုးအစားကိုလွယ်လွယ်ကူနဲ့ရှာလိုက်ရုံပါ။
အီရန်နိုင်ငံမှာဆိုရင်  အသက် ၁၆နှစ်အောက်ကလေးတစ်ယောက် ခိုးမှုပဲ ဖြစ်ဖြစ် လုယက်မှုပဲဖြစ်ဖြစ် ပြစ်မ်မှုတစ်ခုတစ်ခုကျူးကျော်တာမျိုးဆိုရင်အပြစ်ပေးလေ့ရှိပါတယ်။အဲ့ဒါကလည်း အစိုးရကပေးတဲ့စာအုပ်တွေကိုပြီးအောင်ဖတ်ပြီး မိမိရဲ့အတွေးအမြင်တွေကို တစ်ဖန်ပြန်ပြီးပြောင်းလဲသွားတဲ့ပုံစံမျိုးနဲ့ အပြစ်ပေးတာပါ။

Photo Credit-Free pik

ဂျပန်လူမျိုးတွေကလည်းကားစောင့်နေရင်းနဲ့ဖြစ်ဖြစ် မီးရထားတွေစီးရင်းပဲဖြစ်ဖြစ် ဘက်စ်ကားစီးရင်းနဲ့တောင်ကလေးတွေကအစ စာဖတ်ခြင်းနဲ့အချိန်ကုန်ခံတတ်ကြပါတယ်။ကမ္ဘာ့စာဖတ်အားအကောင်းဆုံးမြို့အဖြစ်လည်းသတ်မှတ်ခံရပါတယ်။ဂျာမနီကလည်းထိုနည်းလည်းကောင်းပါပဲ့ သူတို့လူမျိုးရဲ့ ၅၀% ပုံမှန်စာအုပ်ဝယ်ဖတ်ကြပြီး၊ ၃၀%ကပုံမှန်စာဖတ်သူတွေပါမိသားစုတွေမှာကလည်း စာအုပ်ပေါင်း ၃၀၀ လောက်စုဆောင်းတတ်ကြတယ်လို့လည်းသိရပါတယ်။ သူတို့နိုင်ငံတွေနဲ့စာရင် မြန်မာလူမျိုးတွေကစာဖတ်အားအရမ်းနည်းနေပါသေးတယ်။

Photo Credit-Pinterest

Kelly (Akhayar Lifestyle)