'' ရေအေးနဲ့ရေချိုးခြင်း Vs ရေနွေးနဲ့ရေချိုးခြင်း ရဲ့ အကျိုးကျေးဇူးများ ''

'' ရေအေးနဲ့ရေချိုးခြင်း Vs ရေနွေးနဲ့ရေချိုးခြင်း ရဲ့ အကျိုးကျေးဇူးများ ''

သင်က မနက်ခင်းမှာ ရေနွေးနွေးလေးနဲ့ ရေချိုးရတာကို နှစ်သက်သူတစ်ယောက်လား❓
ရေပူနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုတွေရှိသလို  ရေအေးနဲ့ ရေချိုးခြင်းကလည်း သင့်အတွက် ကောင်းကျိုးတွေ ပေးနိုင်တယ်ဆိုတာကိုရော သိပါသလား?

✅ယားယံတဲ့ အသားအရေကို သက်သာစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် ရေအေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။
ဒါပေမယ့် ဘယ်ဟာက ပိုကောင်းတာလဲ?ရေအေးလား?ရေနွေးလား?
ဘယ်အရာက ကိုယ်နဲ့ပိုပြီးသင့်တော်မလဲ ဆိုတာကို သိချင်ရင်အဆုံးထိ ဖတ်ပေးပါနော်?
ရေအေးနဲ့ရေချိုးတာက ဘယ်လိုကောင်းကျိုးတွေရှိနိုင်လဲ?

🚿အရေပြားယားယံခြင်းကို သက်သာစေခြင်း
ယားယံသော အရေပြား သို့မဟုတ် အရေပြားယားတဲ့အခြေအနေမျိုးနဲ့ကြုံခဲ့ပါက
ရေအေးနဲ့ချိုးပါ။ရေအေးနဲ့ရေချိုးခြင်းက ယားယံလို့အမြဲတမ်းလိုလိုကုပ်ချင်၊ခြစ်ချင်နေတဲ့ ခံစားချက်ကို ကျော်လွှားရန် ကူညီပေးနိုင်ပါတယ်။

🚿သွေးလှည့်ပတ်မှုကို ကောင်းမွန်စေခြင်း
ရေအေးနဲ့ရေချိုးတာက မနက်ခင်းမှာ လန်းလန်းဆန်းဆန်းနဲ့  နိုးထနိုင်ဖို့ ကူညီပေးပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ရေအေးက ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းထားရန် နက်ရှိုင်းသောတစ်ရှူးများမှာရှိတဲ့ သွေးတွေကို  ကောင်းမွန်စွာ လည်ပတ်စေဖို့အထောက်အကူပေးပါတယ်။ရေအေးနဲ့ရေချိုးခြင်းက သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေခြင်း၊ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။

🚿ကြွက်သားနာကျင်ခြင်းကို လျှော့ချပေးခြင်း
ရေအေးက ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ပြီးနောက်မှာ ကြွက်သားတွေကိုပြေလျော့စေပြီး  ပြန်လည်ကောင်းမွန်စေရန်ကူညီပေးနိုင်ပါတယ်။နာကျင်ကိုက်ခဲမှုကို တားဆီးပေးပြီး
လေ့ကျင့်ခန်းလုပ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

🚿အသားအရေနှင့် ဆံပင်ကို ကျန်းမာတောက်ပစေခြင်း
ဆံသားကိုလည်း နူးညံ့စေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ရေအေးက အသားအရေကို ကျန်းမာတောက်ပစေပြီး ကိုယ်က ချွေးပေါက်ကျယ်တဲ့ အသားအ‌‌ရေဆိုရင်လည်း ရေအေးနဲ့ပုံမှန်မျက်နှာသစ်ပေးတာက ချွေးပေါက်ကိုကျဉ်းစေပါတယ်။ ဆံသားကိုလည်း နူးညံ့စေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးသလို ရေအေးရဲ့ အာနိသင်ကြောင့် ဆံပင်က အချိန်ကြာလာသည်နှင့်အမျှ ပိုမိုသန်စွမ်းကျန်းမာလာနိုင်ပါတယ်။

⚠️သတိထားရမှာတစ်ချက်ကတော့ ရေအေးကို ရုတ်တရက် ထိတွေ့ခြင်းက နှလုံးရောဂါရှိသူတွေကို ထိခိုက်စေနိုင်ပါတယ်။ရေအေးကြောင့် ခန္ဓာကိုယ် တုန်လှုပ်လာပြီး အရေပြားရှိ သွေးကြောများ ကျုံ့သွားကာ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှု နှေးကွေးသွားစေပြီး နှလုံးကဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့ သွေးများကို ညှစ်ထုတ်နိုင်စေဖို့အတွက် နှလုံးခုန်နှုန်းမြန်လာနိုင်ပါတယ်။
ရေနွေးနဲ့ရေချိုးတာကဘယ်လိုကောင်းကျိုးတွေရှိနိုင်လဲ?

🚿ကြွက်သားနှင့် အဆစ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း
ရေနွေးနဲ့ ရေချိုးတဲ့အခါ အာရုံကြောတွေနဲ့ ကြွက်သားတွေကို ပြေလျော့ကာ သက်တောင့်သက်သာဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ရေနွေးက ခြေချင်းဝတ်၊ ဒူးခေါင်းနဲ့ ပခုံးတွေလို အဆစ်တွေ တောင့်တင်းတာတွေကို လျှော့ချပေးနိုင်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

🚿အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများကိုသက်သာစေခြင်း
အအေးမိခြင်းနှင့် ချောင်းဆိုးခြင်းအတွက် ရှေးကျသော သဘာဝဆေးတစ်လက်အဖြစ် နှာခေါင်းကို ရေနွေးငွေ့ဖြင့် ဖုံးအုပ်ပေးကြပါတယ်။ ရေနွေးပူပူအောက်ကရေငွေ့နဲ့ အပူတွေက သလိပ်တွေကို ပြေလျော့စေကာ  အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး နှာခေါင်းလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။

🚿ချွေးပေါက်ပွင့်စေခြင်း
ရေနွေးငွေ့အပူက ပိတ်ဆို့နေသော ချွေးပေါက်များကို ပွင့်စေပါတယ်။အရေပြားပေါ်က အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး အမည်းစက်တွေကို သက်သာစေပါတယ်။

🚿ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း
အိပ်မပျော်ဖြစ်တဲ့အခါ ရေနွေးလေးနဲ့‌ရေချိုးပြီးအိပ်လိုက်! ဆိုပြီးပြောတာကြားဖူးကြမှာပါ။
ရေပူနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ ကြွက်သားတင်းမာမှုတွေကို ပြေလျော့စေပြီး ကောင်းမွန်စွာ အိပ်ပျော်စေရန် ကူညီပေးပါတယ်။စိတ်ဖိစီးမှုများတဲ့ တစ်နေ့တာအပြီးမှာတော့ အိပ်ရာမဝင်ခင် ရေနွေးနဲ့ ရေချိုးပေးတာက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး ကောင်းမွန်စွာအိပ်ပျော်နိုင်ပါတယ်။သတိထားရမှာတစ်ခုက ရေအရမ်းမပူပါစေနဲ့။

⚠️ရေနွေးနဲ့ ရေချိုးတာက အရေပြားရဲ့  သဘာဝအစိုဓာတ်ထိန်းညှိမှုကို အနှောင့်အယှက်ပေးပြီး အရေပြားကျန်းမာစေတဲ့သဘာဝအဆီများနှင့် ပရိုတင်းများကို ပျက်စီးစေပါတယ်၊တစ်နည်းအားဖြင့် ပြောရရင် အသား‌ခြောက်စေတဲ့အတွက် ရေချိုးပြီးတိုင်း အသားအ‌ရေကို အစိုပြန်ထိန်းဖို့အတွက် အစိုဓာတ်ပြည့်ဝတဲ့ Cream, Lotion သုံးတာကို မဖြစ်မနေပြုလုပ်ပေးပါ။

✅ဘယ်ဟာက ကျန်းမာရေးအတွက် အကောင်းဆုံးလဲ ?
ရေပူရေအေး နှစ်မျိုးလုံးမှာ သူတို့ရဲ့ အကျိုးကျေးဇူးကိုယ်စီရှိပါတယ်။
ရေပူရေချိုးတာက ကြွက်သားတွေကို ပြေလျော့စေပြီး နှာခေါင်းလမ်းကြောင်းကို ရှင်းပေးပြီး ရေအေးက အရေပြားယားယံတာကို သက်သာစေနိုင်ပါတယ်။
ရာသီဥတုနှင့် ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။
ဆောင်းရာသီတွင် အအေးမိပြီး အဖျားရှိနေတာတို့၊အအေးမိနေတာတို့ဆိုရင်တော့ ရေအေးနဲ့ရေချိုးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။