Reality Rift Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ

Reality Rift Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ စင်ကာပူ အခြေစိုက် Esports အဖွဲ့အစည်း Reality Rift အနေနဲ့ Dota2 အသင်းကို SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ AlaCrity, kYxY, NutZ တို့နဲ့ တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းကို တည်ထောင်ပြီး ၁ နှစ်ကျော်ခန့် အကြာမှာတော့ Dota2 လောကကနေ ပြန်လည် ထွက်ခွာဖို့ အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

Reality Rift Dota2 အသင်း ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းကို CEO ဖြစ်သူ Ilya Vlasov ကိုယ်တိုင် ကြေညာ သွားခဲ့တာ ဖြစ်ပါတယ်။ Ilya Vlasov ရဲ့ အဆိုအရ RR Dota2 အသင်းကို စတင် တည်ထောင်ချိန်က နောင်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး Dota2 အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင် အဖြစ် ရပ်တည်သွားနိုင်ဖို့ အတွက် တည်ထောင်ခဲ့တာဖြစ်ကြောင်း၊ အသင်းအတွက် ကစားသမားတွေကို ရွေးချယ်ရာမှာလည်း ထူးချွန်ထက်မြက်ပြီး ကြိုးစားတဲ့ ကစားသမားတွေကို ဂရုတစိုက် ရွေးချယ်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း လက်ရှိကာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသင်းကို ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တာကြောင့် အခုလို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Reality Rift Esports အဖွဲ့အစည်းရဲ့ ရုံးချုပ်ဟာ စင်ကာပူနိုင်ငံမှာ တည်ရှိနေပြီး၊ ကစားသမားတွေ နေထိုင် လေ့ကျင့်ဖို့ အတွက် Bootcamp ကိုတော့ မလေးရှားနိုင်ငံမှာ ထားရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကစားသမားတွေ အနေနဲ့ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့သလို နေအိမ်တွေကနေ တစ်ဆင့်သာ အွန်လိုင်း ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပါတယ်။

RR Dota2 အသင်း အနေနဲ့ ကိုဗစ်-၁၉ မစတင်ခင် အချိန်က SEA အခြေစိုက် ထိပ်သီး Tier 2 အသင်း တစ်သင်း အဖြစ် ရပ်တည်နိုင်ခဲ့သလို 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အွန်လိုင်း ပြိုင်ပွဲတွေ အဖြစ် ပြောင်းလဲ ကျင်းပခဲ့တဲ့ အချိန်က စတင်ပြီး ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Alacrity

ဒါ့အပြင် Ilya Vlasov အနေနဲ့ Valve ရဲ့ အစီအအစဉ် ညံ့ဖျင်းမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်သွားခဲ့ပါတယ်။

“လက်ရှိအချိန်ထိ Dota2 ဟာ ထိပ်သီးဂိမ်း တစ်ခု အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့တာ ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကြောင့်သာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျင်းပလျက်ရှိတဲ့ အွန်လိုင်း ပြိုင်ပွဲတွေဟာ ဆိုရင်လည်း One Esports, ESL, WePlay, BTS တို့လို Third Party ပြိုင်ပွဲ ကျင်းပသူတွေက ဦးစီး ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ Valve ဘက်ကတော့ သူတို့ အမြတ်အစွန်း ရရှိဖို့ကလွဲပြီး Dota2 ပစ်ပယ်ထားခဲ့တာ အတော်လေးကို ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

Dota2 အသင်းတွေ အဓိက စိတ်ဝင်စားတာက Valve က ဦးစီး ကျင်းပတဲ့ DPC ရာသီ ပြိုင်ပွဲတွေနဲ့ TI မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Valve ဘက်က ယခေကာလအတွင်းမှာ DPC ပြိုင်ပွဲတွေကို ရပ်နားခဲ့သလို၊ The International 10 ကို ဘယ်အချိန်မှာ ကျင်းပသွားမယ် ဆိုတာကိုလည်း အတိအကျ ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။

kYxY

အခုလို ကာလဟာ ကျွန်တော်တို့ Reality Rift အပါအဝင် Tier 2 Dota2 အဖွဲ့အစည်းတွေ အတွက် တကယ်ကို ခက်ခဲလွန်းလှပါတယ်။ Tier 1 အဖွဲ့အစည်းတွေလို ငွေကြေးအင်အား တောင့်တင်းခြင်း မရှိသလို ကျွန်တော်တို့ RR Dota2 အသင်း အနေနဲ့ ဆက်လက် ရပ်တည်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒါပေမယ့်လည်း RR Dota2 အသင်းကို တည်ထောင်ခွင့် ရရှိခဲ့တဲ့ အတွက် ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်။ အနိမ့်အမြင့် အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကိုဗစ်သာ မရှိခဲ့ရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အခြေအနေကို ရောက်ရှိနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ပြီး အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အခြေအနေ အားလုံး တည်ငြိမ်သွားတဲ့ အခါမှာတော့ ကျွန်တော်တို့တွေ Dota2 လောက အတွင်းကို နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက် လာဦးမှာပါ။”

NutZ

ဖျက်သိမ်းလိုက်တဲ့ Reality Rift Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Hiew Teck “Alacrity” Yoong – Pos 2
  • Lee Kong “kYxY” Yang – Pos 3
  • Ravdan “Hustla” Narmandakh – Pos 4
  • Wong Jen “NutZ” Yih – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle