Fnatic LOL အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ နာမည်ကျော် LOL ကစားသမား Rekkles

ကောလာဟလပေါင်း များစွာ ထွက်ပေါ်ပြီး နောက်မှာတော့ Fnatic LOL အသင်းမှာ (၈) နှစ်ကြာ ဝင်ရောက် ကစားခဲ့တဲ့ နာမည်ကျော် Bot Laner တစ်ဦးဖြစ်သူ Martin “Rekkles” Larsson အနေနဲ့ အသင်းကနေ ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Rekkles တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို FNATIC ဘက်က တရားဝင် ကြေညာသွားခဲ့ပြီဖြစ်ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကြောင့် အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
The only thing certain in life is change.
— FNATIC (@FNATIC) November 18, 2020
After an incredible career in the black and orange, Martin "Rekkles" Larsson has decided to move on from Fnatic.
The next time we meet, we meet as opponents. See you on the Rift, @RekklesLoL.https://t.co/jmpCZIn33O
“Fnatic LOL အသင်းမှာ အချိန် ကြာမြင့်စွာ ရှိနေခဲ့သလို အောင်မြင်မှုပေါင်းများစွာကို ရယူနိုင်ခဲ့တဲ့ Martin “Rekkles” Larsson ကတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံတဲ့ အခါမှာတော့ ပြိုင်ဘက်များ အဖြစ် ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။”

Fnatic အနေနဲ့ Rekkles ကို အသင်းမှာ ဆက်လက် ထိန်းထားနိုင်ဖို့ အတွက် လစာငွေ ပမာဏ မြောက်များစွာ ကမ်းလှမ်းခဲ့သလို ကစားသမား ဘဝက အနားယူသွားတဲ့ အခါမှာလည်း အသင်းမှာ ရာထူး တစ်ခုဖြင့် ဆက်လက် တည်ရှိနေနိုင်မယ့် အနေအထား တစ်ခုကို ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့်လည်း Rekkles ကတော့ အသင်းကနေ ထွက်ခွာပြီး စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်သွားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ Rekkles တစ်ယောက် ဘယ်အသင်းကို ရောက်ရှိသွားမယ် ဆိုတာကို အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် နောက်ထပ် LEC ပြိုင်ပွဲဝင် LOL အသင်းဖြစ်တဲ့ G2 Esports ကို ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိပါတယ်။

G2 Esports ရဲ့ AD Carry ကစားသမားဖြစ်သူ Perkz တစ်ယောက် အသင်းကနေ ထွက်ခွာပြီး LCS ပြိုင်ပွဲဝင် Cloud9 LOL အသင်းကို ပြောင်းရွေ့သွားခဲ့တာကြောင့် G2 အနေနဲ့ နာမည်ကျော် AD Carry ကစားသမားဖြစ်တဲ့ Rekkles ကို ခေါ်ယူသွားမယ်ဆိုတဲ့ သတင်းက တကယ်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ လက်ရှိအချိန်မှာ G2 Esports နဲ့ Rekkles တို့ နှစ်ဖက်လုံးမှ အဆိုပါ သတင်းနဲ့ ပက်သက်ပြီး အတည်ပြုပေးခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ Rekkles ကို G2 Esports ဂျာဆီနဲ့အတူ မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။
REF: VpEsports