ဝေးနေကြတဲ့ LDRS တွေအတွက် အချစ်တွေ ပိုတိုးစေဖို့ သိထားရမယ့် နည်းလမ်း (၄)သွယ်

ဝေးနေကြတဲ့ LDRS တွေအတွက် အချစ်တွေ ပိုတိုးစေဖို့ သိထားရမယ့် နည်းလမ်း (၄)သွယ်

အနေဝေးတိုင်း ကွာဝေးရမှာလား။ မဟုတ်ပါဘူးနော်။ နှလုံးသားချင်း အမြဲနီးနေရင် အဝေးမှာနေလည်း အချစ်တွေ တိုးနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေကြလို့ ကိုယ့်ရဲ့ Relationship ကို ပိုကောင်းစေချင်ရင် ဒီအချက်လေးတွေ လိုက်လုပ်ပေးနော်။

(၁) LDRS ဘဝကို ပိုမိုကောင်းမွန်တဲ့Relationship ဖြစ်စေဖို့ ကောင်းတဲ့အခွင့်အရေးလို့ မှတ်ယူပေးပါ။

ဝေးနေရတာကို အကောင်းမြင်ပေးပါ။ ပိုဂရုစိုက်ပေးကြပါ။ ဝေးနေတော့ အတူရှိတုန်း အခိုက်အတန့်လေးတွေ တန်ဖိုးကို ပိုသိပြီး တစ်ယောက်ကို တစ်ယောက် အချစ်တွေ ပိုတိုးစေမှာအမှန်ပါ။ လွမ်းနေရတာလေးကိုက အချစ်ရဲ့ ချိုမြိန်တဲ့ ဆေးတစ်ခွက်ပါနော်။

(၂) တစ်ယောက်ချင်းစီရဲ့ဘဝကို ပိုအာရုံစိုက်ပေးကြပါ။

ဝေးနေကြလို့ တစ်ချိန်လုံးအလွမ်းသယ်နေတာဟာ ကောင်းတဲ့ အလေ့အကျင့်မဟုတ်ပါဘူး။ ဒီလိုဝေးနေကြတုန်းမှာ ကိုယ်လုပ်စရာရှိတာတွေကို ပိုအသားပေး အချိန်ပေးပြီး လုပ်ပေးပါ။ နှစ်ယောက်လုံးအတူနေကြဖို့ ပေါင်းစည်းကြဖို့ဆိုတာ တစ်ယောက်ချင်းစီက ကြိုးစားနေမှဖြစ်မယ်မလား။ အလုပ်များများပိုလုပ်ပါ။ ကိုယ့်ကျန်းမာရေးနဲ့. ဘဝနေထိုင်ပုံကို ပိုဂရုစိုက်ပြီး ကောင်းအောင်နေထိုင်ပါ။ မိသားစုနဲ့ သူငယ်ချင်းတွေကို ပိုအချိန်ပေးပါ။ ကိုယ့်ကိုကိုယ်ချစ်မှသူများကိုလည်း ပိုချစ်နိုင်မှာပါ။

(၃)  တစ်ယောက်နဲ့တစ်ယောက် ပိုအကောင်းမြင်ပေးပါ။

ဝေးနေကြတာဟာ တစ်ယောက်ကို တစ်ယောက် သံသယတွေတိုးစေတဲ့အကြောင်းအရင်းတစ်ခုပါ။ ဒါ့အပြင် အထင်လွဲမှုတွေ မကောင်းမြင်မိတာလေးတွေ ကတောက်ကဆလေးတွေ ပိုဖြစ်နိုင်တဲ့ အခြေအနေတစ်ရပ်လည်းဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေပိုတိုးအောင် စကားပြောတဲ့အခါ သေချာဂရုစိုက်ပေးပါ။ ကိုယ် တစ်နေ့တာ ဘယ်သွားမယ်။ ဘာလုပ်မယ် ပြောပြပါ။

(၄) အရေးကြီးဆုံးအချက်ကတော့ သစ္စာမပျက်ဖို့ပါ။

အနေဝေးလို့ သွေးအေးတယ်တဲ့။ ဖြစ်နိုင်ပါတယ်။ ဘယ်လောက်အနေဝေးဝေး အချစ်တွေ ထွက်မပြေးဖို့ သစ္စာရှိပေးပါ။ တခြားတစ်ယောက်ကို စိတ်မယိုင်ဖို့ သိပ်အရေးကြီးပါတယ်။

ချစ်သူတိုင်းပျော်ရွှင်ကြပါစေနော်။

Photo Credit-Pixabay

Kelly (Akhayar Lifestyle)