ကောင်မလေးတွေစိတ်ဆိုးရင်ကောင်လေးတွေဘယ်လိုပြန်ချော့မလဲ

ကောင်မလေးတွေစိတ်ဆိုးရင်ကောင်လေးတွေဘယ်လိုပြန်ချော့မလဲ

ချစ်ရတဲ့သူနှစ်ယောက်လက်တွဲကြတဲ့အခါ တစ်ခါတစ်လေကျရင်ကောင်မလေးကအနိုင်ယူချင်တာမျိုးဖြစ်တတ်ပါတယ်။ကောင်လေးတွေကလည်းချစ်လို့အလိုလိုက်တယ်ဆိုတဲ့သဘောမျိုးပေါ့။ Relationship တစ်ခုတည်ဆောက်ရင်စိတ်ဆိုး၊စိတ်ကောက်တယ်ဆိုတာက ပါလာစမြဲပါ။ချစ်သူနှစ်ဦးကြားဆက်ဆံရေးကအဆိုးရွားဆုံးအခြေအနေကိုမရောက်ခင်မှာ အခြေအနေမကောင်းတဲ့ လက္ခဏာတွေရှိပါတယ်။အဲ့လိုအခြေအနေမျိုးရောက်ရင်ကောင်လေးဘက်ကစပြီးချော့ပေးရစမြဲပါ။ဘယ်လိုမျိုးနည်းလမ်းလေးတွေနဲ့ကိုယ်ရဲ့ကောင်မလေးကိုစိတ်ဆိုးပြေအောင်ချော့လိုရလဲဆိုတာ လျှို့ဝှက်ချက်လေးတွေပြောပြမယ်နော်။

သူတို့စားချင်တဲ့မုန့်လေးတွေဝယ်ကျွေးပါ
ကောင်မလေးတွေက အစားအသောက်စားနေရရင် စိတ်ကိုပျော်ရွှင်စေတာအမှန်ပါ။အစားအသောက်မကြိုက်တဲ့ကောင်မလေးဆိုတာမရှိပါဘူးနော်။ကိုယ့်ကောင်မလေးက ဘာကြိုက်လဲဆိုတာသိဖို့လည်းအရေးကြီးပါတယ်။တကယ်လို့သူကကိုယ်နဲ့လုံးဝအတွေ့မခံဘူးဆိုရင် သူကြိုက်တဲ့မုန့်ဝယ်ပြီး အိမ်ကိုသွားပြီး ရအောင်ချော့ပါ။

ရည်းစားစာရေးပြီးပေးပါ
အခုခေတ်ကအင်တာနက်ခေတ်ဆိုတာ Online ပေါ်ကနေစာတွေဆက်တိုက်ပို့ပြီးချော့တာမျိုးတွေမလုပ်ပါနဲ့။စိတ်ဆိုးနေတာကိုပိုစိတ်တိုစေပါတယ်။အရင်ခေတ်ကဆိုရည်းစားစာလေးရေးပြီး စိတ်ဆိုးသွားတဲ့အကြောင်းအရာလေးကို နောက်မလုပ်တော့ဘူး ရင်ထဲကိုထိသွားစေလောက်တဲ့စာမျိုးဖြစ်အောင်ရေးပါ။တကယ်လိုကိုယ့်က စာရေးတာမကျွမ်းကျင်ဘူးဆိုရင် ဘော်ဒါတွေထဲကစာအရေးအသားကောင်းတဲ့လူတွေရေးခိုင်းပါ။ရေးပေးတဲ့သူကို မုန့်ဝယ်ကျွေးဖို့တော့ မမေ့နဲ့နော်ဘော်ဒါတို့။

ပန်းစည်းလေးတွေပို့ပေးပါ
အရှုံးပေးခြင်အစကအလံဖြူကဆိုတဲ့အတိုင်း၊ တောင်းပန်ခြင်းအစ နှင်းဆီအဖြူကဆိုတော့ ကိုယ့်ရဲ့ကောင်မလေးကို နှင်းဆီဖြူလေးကိုပန်းစည်းလုပ်ပြီး သူရှိတဲ့နေရာကိုပို့ပေးလိုက်ပါ။ကိုယ်ကပန်းစည်းလေးနဲ့အတူ ကိုယ့်ကောင်မလေးကြိုက်တဲ့ မုန့်လေးတွေပါရင်ပိုကောင်းပါတယ်။

လက်ဆောင်ပေးပါ
ကောင်မလေးကခွေးလေးတွေပါလေးတွေချစ်တဲ့သူဆိုရင် ခွေးသေးသေးလေးတွေဝယ်ပြီးသူအိမ်ရှေ့သွား အိမ်ရှေ့ခဏထွက်ခဲ့ပေးပါလားလို့ပြောပြီး  Surprise Gift သဘောမျိုးလည်းဖြစ်သွားပြီးနှစ်ယောက်ကြားမှာ အမှတ်တရလေးလည်းဖြစ်သွားတာပေါ့။ဒီနည်းလမ်းလေးတွေနဲ့ကိုယ့်ရဲ့ကောင်မလေးက စိတ်ဆိုးနေတယ်ဆိုရင် အခုပဲ့သွားချော့လိုက်တော့နော်။

Kelly (Akhayar Lifestyle)

Photo Credit- Pinterest

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle